Tuesday, August 11, 2009

မြန်မာဘလော့ဂ်ဂါများ

က
ကဒေါင်း
ကလိုစေးထူး
ကိုရင်ညိန်း
ကိုတိုးလေး
ကိုဈာန်
ကိုဝေ
ကောင်မလေး
ကိုကိုဖရီး
ကရ၀ိတ်
ကျော်ဇေယျ
ကိုရင်နော်ခင်လေးငယ်
ကာရံမဲ့ အတွေးစများ
ကေသွယ်
ကြယ်စင်နတ်သမီး
ကောင်လေး
ကျွန်တော်တို့ချစ်တဲ့ ကဗျာများ
ကောင်းကင်ကို
ကေမောင်ငြိမ်း



ချစ်ဦး
ချမ်းမြေ့ဦး
ခရမ်းရောင်ပန်းပွင့်
ခွန်မောင်
ချစ်သူ
ချစ်တဲ့မနောမြေ
ခေတ်သစ်ပန်းပု
ခင်မင်းဇော်
ခင်ဦးမေ
ခေးရော့စ်
ခွန်မြလှိုင်
ခြားနားသူ
ချဲလ်ဆီးနှင့်သူ၏ ချစ်သူများ
ချိုလက်ျာကြည်
ခွပ်ဒေါင်းမြေ



ဂျင်းဂျက်ကတ်
ဂျူလိုင်အိမ်မက်
ဂူးဂူး
ဂျစ်တူး
ဂင်ကြီး



ငယ်ငယ်
ငြိမ်းညို
ငြိမ်းစု
ငြိမ်းဝေ
ငြိမ်းချမ်းသံစဉ်
ငွန်ငယ်
ငပေါများဂေဟာ



စိုင်းဝဏ
စိုင်းခမ်းထွန်း
စည်သူလင်း
စိုးဇေယျ
စိုင်းစိုင်း
စစ်ငြိမ်းအေး
စာရွက်လွတ်
စိတ်ကူးယဉ်အိမ်ကလေး
စန္ဒီမိုးမြင့်



ဆောင်းယွန်းလ
ဆရာမ မေငြိမ်း
ဆူးလင်းသစ်
ဆောင်း
ဆူးပြတိုက်
ဆောင်းလူ
ဆိုးသွမ်း
မဆုမွန်



ဇောင်း
ဇနိ
ဇင်ဇင်
ဇီးကွက်
ဇာနီဝင်း
ဇင်ယော်



ညမီးအိမ်
ညနေကြယ်
ညီလင်းသစ်
ညခင်းရဲ့လမင်း
ညီရဲခေါင်
ညိုကြီး



တောင်ငူသား
တည်ညိမ်းကို
တေဇာ
တို့မြေတို့ရေတို့အမွေ
တက်လူငယ်



ထူးမြတ်
ထွန်းမျိုးလှိုင်



ဒီရေ
ဒဏ္ဍာရီည
ဒေါက်တာဝင်းသိန်း
ဒီဇင်ဘာစင်ဒရဲလား




နတ်ရှင်နောင်
နေလင်း
နွေမုန်တိုင်း
နွေလှိုင်ဿုန်း
နိုင်းနိုင်း (အမြဲစိမ်း)
နှင်းပွင့်ဖြူလေး
နှင်းစက်မိုး
နှင်းသဇင်
နေနေနိုင်
နိုင်းနိုင်းစနေ
နှင်းဆီနီနီ
နွေနှင်း
နှလုံးသားရပ်ဝန်းမှအသံများ
နှင်းခါးမိုး
နီနီဝင်း
နီယော်ဓာ



ပါဂနာ
ပီကေ
ပီတိ
ပုတီတိုး
ပိုင်မင်းဆွေ
ပျားရည်
ပန်းခရေ
ပန်ဒိုရာ
ပေါက်ကျိုင်း
ကိုပီတာ
ပျူနိုင်ငံ
ပြည်သူ့ ကျန်းမာရေး ဘလော့
ပုံရိပ်
ပန်းခရမ်းပြာ
ပိတောက်ရိပ်




ဖိုးသူတော်
ဖိုးတရုတ်
ဖိုးသောက်ကြာ
ဖိုးစံ
ဖိုးဇင်
ဖိုးဖိုး
ဖိုးချို
ဖြူစင်လေး
ဖူးပွင့်အောင်
ဖက်တီးလေး
ဖိုးဂျယ်



ဗေဒါ
ဗမာပြည်သား



ဘကောင်း
ဘုရင့်နောင်



ကိုမောင်ငယ်
မင်းတစေ
မောင်စေတနာ
မျက်လုံး
မျှားပြာ
မောင်လှ
မောင်မောင်လှဝင်း
မောင်နိုင်
မှော်ဆရာ
မေမိုး
မိုးညလေး
မေမိုးမခ
မြန်မာပြည်ကိုလွမ်းသူ
မီးငယ်
မွန်းသက်ပန် - ဆေး(၁)
မြန်မာဗေဒင်
မာန်လှိုင်းငယ်
မြရွှက်ဝေ
မီးပြတိုက်
မေငယ်
မေဗမာ
မိုးချစ်သူ (ဆုမွန်)
မွန်
မြက်ခင်းစိမ်း
မြတ်ဆုနိုင်
မိုးပြာရောင်
မော်စီ
မောင်မျိုး
မင်းယွန်းသစ်
မင်းကျန်စစ်
မောင်လူအေး
မိုးပြေး
မြစ်ဆုံ
မိုးချိုသင်း
မောင်ရင်
မောင်သုည
မာယာ
မိဘမေတ္တာ
မေတ္တာရေစင်
မနောသား
မီးတောင်
မြန်မာ့ကျောက်မျက်ပန်းချီ



ယိမ်းနွဲ့ပါး
ယုယမြတ်နိုး
ယုန်ကလေး
ယမင်း
ယောဟန်အောင်



ရထား
ရာဇာကျော်
ကိုရဲ
ရဲရင်
ရန်အောင်
ရှမ်းကလေး
ရွှေပြည်သူ
ရတနာချို
ရွှေဂျမ်း
ရက်ရာဇာ
ရွက်ဝါ
ရွှေရောင်ကောင်းကင်
ရွှေဟင်္သာ
ရွှေမြန်မာ
ရည်မွန်
ရွှန်းမီ
ရင်ဘတ်ထဲကအငွေ့များ
ရွာသားလေး



လူစိမ်း
လွမ်းစေ
လူသစ်
လုလု
လွမ်းသုခ
လင်းထက်
လောရှည် opera
လောရှည် photo
လားရှိုးသူ
လင်းဦး (စိတ်ပညာ)
လွမ်းလုင်
လူမော်
လွမ်းရိပ်မြုံ
လင်းလက်ကြယ်စင်
လေးမ
လမင်း
လောကနတ်
လွမ်းသုရင်



ဝဿန်ဦး
ဝက္ကပါ
ဝေလေး
ဝိညာဉ်သစ်
ဝင်းဇော်
ဝဏ္ဏကျော်



သူရဲနီတို့ပျော်စံရာ
သူကြီး
သက်ဦး
သားငယ်
သားသား
သက်ဇင်
သားဖြိုး
သူကြီးဘစီနှင့်ရွာသားများ
သစ္စာတော်လှန်ရေးစာပေ
သီချင်းများ
သက်ဝေ
သူငယ်ချင်းများ



ဟန်သစ်ငြိမ်
ဟင်းလင်းပြင်
ဟန်လင်းထွန်း



အရှင်ကုမာရ
အရှင်မေတ္တာစာရ
အရာရာ
အောင်သာငယ်
အောင်မျိုးဝင်း
အညာသား
အောင်ဦး ၏ ဓမ္မ
အချစ်မဲ့ ဂစ်တာ
အိပ်မက်သစ်
အိုင်လွယ်ပန်
ကိုအောင် (မှတ်စုများ)
အောင်ပင်လယ်
အောင်မျိုးမြင့်
အောင်ဖြိုး
အောင်ကြည်ဟန်
အမရာ
အိမ်လေး
အရူးလွယ်အိတ်
အိမ်ရှေ့မင်းသား
အမှတ်တရများစွာသို့
အောင်ကျော်မော
အနက်ရောင်အိမ်မက်
အစိမ်းရောင်မိန်းကလေး
အောင်ခင်ဇော်
အောင်မြေ
အောင်ဇေယျ
အညတြ
အလှတရား
အလွမ်းပြေ
အပြာရောင်ငြိမ်းချမ်းတဲ့အသင်္ချေချစ်ခြင်း
အိုးဝေအောင်၏ခံစားမှုဝေဒနာစာမျက်နှာ
ဥပသကာ


English Alphabets
99
AKK Code
Apprenticeship
All Together on a Planet
Art of Nypian
Biggest
Bagan land
BDC Burma
CMS's Diary
Cypher
Colourless Ideas
CountryBuilders
Dream Blog
Day Walker
Emotion
E-journal
Gipsy လေး
Helena
HeartMuseum
Htoo Htet Aung's Lab
icn2
InfinityLovelyBluePeace
J.P.Z
Love to Eternal
MMThinker
MyanmarEntrepreneur
MMZ
mirror inlens
Myanmarhunks
Mr.Sail0rM♥♥n
Nyi Lynn Seck 18+ Den
OkIsU
OA6
Poem Corner
Pink Lady
Pinkgold
Republic
R Blog!
Royal Warriers
Royal Myanmar
Steven
Steven Alexander
Synchro305
Stanley
The Art of Thet Paing Kha
TAH မှပုံပြင်များ
WE SHE ME
W.H.K
Ye-Mon's Personal Page
Yအိုလက်
Z.Y.H
zerotrash

Sunday, May 24, 2009

American Eagle လို့ခေါ်တဲ့ လင်းယုန်ငှက်

အမေရိကန် ကယ်ရီဖိုးနီးယားက ကျွန်းမှာ American Eagle လို့ခေါ်တဲ့ လင်းယုန်ငှက်တစ်မျိုး ရှိခဲ့တယ်။ အဲဒီငှက်ကို လူတစ်ချို့က ဈေးကြီးပေးပြီး ဝယ်ယူကြတဲ့အတွက် ဒေသခံတွေ အလုအယက် ဖမ်းဆီးခဲ့ကြတယ်။ ဒီလိုနဲ့ တဖြေးဖြေး ကျွန်းပေါ်က လင်းယုန်ငှက်တွေ မျိုးတုံးလာခဲ့တယ်။ နောက်ဆုံး ငှက်တွေရဲ့ အရိပ်အယောင်တောင် မတွေ့တော့တဲ့အတွက် လူတွေက ဒီလင်းယုန်ငှက်တွေ ကမ္ဘာပေါ်မှာ လုံးဝမရှိတော့ဘူးလို့ ထင်ခဲ့ကြတယ်။

အမေရိကန် လင်းယုန်ငှက်က ဘယ်လိုငှက်မျိုးလဲ? အရွယ်ရောက် လင်းယုန်ငှက်တစ်ကောင်ရဲ့ ကိုယ်အလေးချိန်က ကီလို၂ဝအထိ ရှိနိုင်ပြီး ဖြန့်ထားတဲ့အတောင်ပံက ၃မီတာအထိရှိတဲ့ ငှက်ကြီးမျိုးဖြစ်တယ်။ အမေရိကန် လင်းယုန်က ရေပြင်ပေါ် ပျံဝဲရင်း ရုတ်တရက် ထိုးဆင်းပြီး ပင်လယ်ဖျံတစ်ကောင်ကို အလွယ်တကူ ကုတ်ယူနိုင်တဲ့ ငှက်မျိုးဖြစ်တယ်။ ဒီလိုငှက်မျိုး မျိုးတုံးသွားတဲ့အတွက် လူတွေနှမြောနောင်တ ရခဲ့ကြတယ်။

အမေရိကန် လင်းယုန်ငှက်တွေကို ကမ္ဘာပေါ်မှာ ဘယ်တော့မှ မတွေ့နိုင်တော့ဘူးလို့ လူတွေထင်နေချိန်မှာ ဒီငှက်မျိုးကို အထူးလေ့လာ သုတေသနပြုနေတဲ့ အမေရိကန်လူမျိုး Ah. Steven ဆိုသူက တောင်အမေရိကားမှာရှိတဲ့ Andes တောင်တန်းရဲ့ ဂူတစ်ခုမှာ ဒီငှက်တွေကို ရှာဖွေတွေ့ရှိခဲ့တယ်။ ကျယ်ပြန့်တဲ့နေရာ၊ ပင်လယ်ရေပြင်တွေပေါ်မှာ ကျက်စားတတ်တဲ့ လင်းယုန်ငှက်က ဒီလိုကျဉ်းမြောင်းသေးငယ်တဲ့ ဂူထဲမှာ ရှင်သန်နိုင်ခဲ့မယ်လို့ လူတွေတစ်ခါမှ တွေးထင်မထားခဲ့မိကြဘူး။

ဂူထဲမှာ ထိုးထိုးထောင်ထောင် ထိုးထွက်နေတဲ့ ကျောက်ချွန်းတွေ ရှိတာကို Ah. Steven သတိထားခဲ့မိတယ်။ အဲဒီအပြင် ဂူနံရံတစ်ခုနဲ့တစ်ခုကြား အကွာအဝေးဟာလည်း ဝ.၅ ပေပဲရှိခဲ့တယ်။ အကျဉ်းဆုံးနေရာက နံရံနှစ်ခု ထပ်လုနီးနီးပါပဲ။ တစ်ချို့ကျောက်တွေက ဓါးသွားလို ထက်မြက်ပါးလွှာပြီး တစ်ချို့က သံချောင်းလို ချွန်ထက်နေခဲ့တယ်။ ဒီလိုနေရာမျိုးမှာ ကိုယ်ထည်ကြီးမားတဲ့ လင်းယုန်ငှက်မဆိုထားနဲ့ စာကလေးတောင် ရှင်သန်ဖို့ရာ မလွယ်ကူလှဘူး။ အမေရိကန် လင်းယုန်ငှက်တွေ ဘယ်လိုရှင်သန်ခဲ့သလဲ? ပညာရှင်တွေတောင် ဥာဏ်မီအောင် မတွေးတောနိုင်ခဲ့ကြဘူး။

Steven က အဆင့်မြင့်နည်းပညာနဲ့ ဂူထဲက လင်းယုန်ငှက်တစ်ကောင်ကို ဖမ်းဆီးခဲ့တယ်။ အဲဒီနောက် ငှက်ကို သစ်ဆူးသစ်ခက်တွေနဲ့ ပတ်လည်ဝိုင်းလှောင်ထားပြီး သံဆူးကြိုးနဲ့ ဝ.၅ပေသာ ကျယ်ဝန်းတဲ့ ထွက်ပေါက်တစ်ခု လုပ်ခဲ့တယ်။ အဲဒီနောက် အပေါက်ကနေ လင်းယုန်ငှက် ဘယ်လိုပျံထွက်မလဲ ဆိုတာကို စူးစမ်းခဲ့တယ်။

လှောင်အိမ်ထဲကနေ လွတ်လိုက်တယ်ဆိုရင်ပဲ လင်းယုန်ငှက်ဟာ လျှပ်တစ်ပြက်အတွင်းမှာ ဝ.၅ပေ အပေါက်ကနေ ပျံထွက်သွားခဲ့တယ်။ မြန်လွန်းလို့ ဘယ်လိုပျံထွက်သွားမှန်းတောင် မတွေ့ခဲ့ရဘူး။ ဒါပေမယ့် Steven က သွင်းထားတဲ့ အခွေကတစ်ဆင့် အနှေးပြကွက်နဲ့ အဖြေကိုရှာခဲ့ပါတယ်။

အပေါက်သေးသေးကနေ ပျံထွက်ချိန် တခဏအတွင်းမှာ လင်းယုန်ငှက်က သူ့အတောင်နှစ်ဖက်ကို ဗိုက်နားကပ်ထားပြီး ခြေနှစ်ချောင်းကို အမြီးနဲ့တစ်ဖြောင့်ထဲ ကပ်ထားလိုက်တယ်။ ခေါင်းနဲ့လည်ပင်းကို မျဉ်းတစ်ဖြောင့် အနေအထားမှာထားပြီး ကြီးမားတဲ့ခန္ဓာကိုယ်ကို ကြိုးတစ်ချောင်းလို့ ပျော့ပျောင်းပစ်လိုက်တယ်။ လူတွေ မတွေးတောမိအောင် သူ့ရဲ့ အပြုအမှုက ပေါ့ပါးလွယ်ကူခဲ့တယ်။

လင်းယုန်ငှက်ကို
Steven လေ့လာစူးစမ်းနေတုန်း ငှက်ကိုယ်ပေါ်မှာ အဖုအပိန့် အသားမာတွေနဲ့ ပြည့်နေတာကို သတိထားမိခဲ့တယ်။ အဲဒီအသားမာတွေက ကျောက်တုံးတွေနဲ့ ပွတ်တိုက်သွားနိုင်လောက်တဲ့အထိ မာကျောနေခဲ့တယ်။ တစ်ချိန်က လူတွေရဲ့ အဖမ်းအဆီးရန်က ရှောင်နိုင်ဖို့ လင်းယုန်ငှက်တွေဟာ ဂူထဲပုန်းအောင်းခဲ့တယ်။ ဂူထဲမှာ အသက်ဆက်နိုင်ဖို့၊ သေးငယ်တဲ့ ဂူနံရံကြားမှာ ပျံသန်းနိုင်ဖို့ ကြီးမားတဲ့ ခန္ဓာကိုယ်ကို အပွန်းပဲ့ခံ၊ အပွတ်တိုက်ခံပြီး ပြောင်းလဲခဲ့တယ်။ ကိုယ်ပေါ်က အသားမာတွေနဲ့ ကျောက်နံရံရဲ့ ပွတ်တိုက်ဒဏ်ကို ကာကွယ်ပြီး မျဉ်းတစ်ကြောင်းလို ပျော့ပျောင်းအောင် ကျင့်ခဲ့တယ်။

လူတွေရဲ့ ဖမ်းဆီးပစ်ခတ်ဒဏ်ကို အမေရိကန် လင်းယုန်ငှက်တွေ ရှောင်လွဲ မရနိုင်ခဲ့ဘူး။ ကျဉ်းမြောင်းတဲ့ ဂူတွေကို သူတို့ မပြောင်းလဲနိုင်ခဲ့ဘူး။ ဒါပေမယ့် သူတို့ကိုယ်သူတို့ ပြောင်းလဲခဲ့ပြီး ရှင်သန်ဖို့ ကြိုးစားခဲ့ကြတယ်။

လူရယ်လို့ဖြစ်လာတဲ့ ကျွန်တော်တို့မှာလည်း ကုန်းထလို့မရ၊ ကိုယ်ကိုစောင်းလှည့်လို့ မရအောင် အဖက်ဖက်က ထိုးနှက်တဲ့ အခက်အခဲမျိုးစုံ ရှိတတ်ကြတယ်။ အဲဒီအခက်အခဲတွေ ကျော်လွှားဖို့၊ ဆက်လက်ရှင်သန်နိုင်ဖို့ ကျွန်တော်တို့က အမေရိကန် လင်းယုန်ငှက်လို ပြုမှုရလိမ့်မယ်။ ကိုယ်ကို ကျုံ့နိုင်သမျှ ကျုံ့ပြီး ကျယ်ပြန့်တဲ့ ရှင်သန်မှုကို (ဆက်လက်ရှင်သန်ဖို့) ရှာရလိမ့်မယ်။

ကိုယ်ကိုကျုံ့နိုင်ဖို့ရာ မလွယ်ကူလှဘူး။ ထိခိုက်ဒဏ်ရာရတဲ့အခါလည်း ရှိမယ်။ မျက်ရည်ကျတဲ့ချိန်လည်း ရှိမယ်။ ဒါပေမယ့် အဲဒီနာကျင် ထိခိုက်ဒဏ်ကို ခံနိုင်တဲ့လူတွေကမှ သေးငယ်တဲ့အပေါက် (အခက်အခဲ)ကို ဖြတ်ကျော်ပြီး ကျယ်ပြန့်တဲ့ကောင်းကင်ကို တွေ့ရမှာဖြစ်တယ်။

မွေးဖွားရာအရပ်၊ မိဘနဲ့ မိသားစုတွေကို ကျွန်တော်တို့ ရွေးခြယ်ခွင့် မရှိခဲ့ဘူး။ ဖြစ်ခဲ့တဲ့ ဘဝကံကြမ္မာကို ကျွန်တော်တို့ ပြောင်းလဲခွင့် မရခဲ့ဘူး။ ဘယ်လိုအခက်အခဲလဲ၊ ဘယ်လောက်ထိ ထိခိုက်နိုင်သလဲ ဆိုတာကို ကျွန်တော်တို့ ကြိုမသိခဲ့ဘူး။ ဒါကြောင့် အတိတ်ကဖြစ်ခဲ့သမျှကို ကျိန်ဆဲ၊ အပြစ်မတင်ဘဲ လက်ခံ၊ သည်းခံခဲ့ရတယ်။ ဒါပေမယ့် ရှေ့ဆက်ဖြစ်လာနိုင်မယ့် အခြေအနေကို ကျွန်တော်တို့ ရွေးဖို့ နည်းလမ်းရခဲ့တယ်။ တနည်းပြောရရင် လဲကျရာမှ ပြန်ထဖို့၊ ဒုတိယအကြိမ်ရှင်သန်ဖို့ နည်းရခဲ့တယ်။

ပြောသလို လုပ်ဖို့ရာ မလွယ်ဘူးလို့ တစ်ချို့ကပြောကြတယ်။ ဒါပေမယ့် ကိုယ်ကိုစောင်းလှည့်ဖို့၊ ကုန်းထဖို့ရာ လွယ်ကူပါတယ်။ မှန်ကန်တဲ့ နည်းလမ်းနဲ့ ဖြစ်လာတဲ့ ပြဿနာကို ဖြေရှင်းရုံပါပဲ။ မှန်ကန်တဲ့နည်းလမ်းဆိုတာ ဘာလဲ? ကိုယ့်ကိုလဲကျရာက ပြန်ထရပ်စေတဲ့၊ ထပ်မလဲစေတဲ့ နည်းပဲဖြစ်တယ်။

ဒီလိုအခြေအနေမျိုးကို ကျွန်တော်တို့လို သာမန်လူတွေလုပ်နိုင်၊ သင်ယူနိုင်တဲ့ အနေအထား နှစ်မျိုးရှိခဲ့တယ်။ အဲဒီနှစ်မျိုးက "မေ့လျော့"တာနဲ့ "လျစ်လျူရှု" တာပဲဖြစ်တယ်။

အသက် (၂ဝ) မတိုင်ခင် လျစ်လျူရှု (ဥပေက္ခာပြု) တတ်ရမယ်။ လျစ်လျူရှုတတ်ဖို့ သင်ရလိမ့်မယ်။ လျစ်လျူရှုတာ သူရဲဘောကြောင်လို့ မဟုတ်ဘဲ ရှင်သန်ဖို့ နည်းလမ်းသာဖြစ်တယ်။ အထူးသဖြင့် အားငယ်ချိန်၊ ဘေးရန်က မကာကွယ်နိုင်ခင်မှာဖြစ်တယ်။

တကယ်လို့ ကိုယ်ဟာမွဲတေနေတယ်ဆိုရင် ဆင်းရဲသားလို့ ကဲ့ရဲ့လှောင်ပြောင်လာတဲ့ လူတစ်ချို့ကို လျစ်လျူရှုတတ်ရမယ်။ တကယ်လို့ သာမန်လူတန်းစားက မွေးဖွားလာတဲ့ကိုယ့်ကို အထင်သေး၊ မောက်မာပြတဲ့ လူတွေကို လျစ်လျူရှုတတ်ရမယ်။ တကယ်လို့ ကိုယ့်မှာဘာကျောထောက်နောက်ခံမှ မရှိဘူး၊ ပတ်သက်ရာ ပတ်သက်ကြောင်းတွေ မရှိဘူးဆိုရင် လိုတရနေတဲ့ လူတွေကို လျစ်လျူရှုတတ်ရမယ်။ တကယ်လို့ လူတစ်ယောက်က ကိုယ်နဲ့တိုက်ရိုက် အကျိုးမပတ်သက်ခဲ့ရင် သူရဲ့ကိုယ်ကျင့်တရား၊ သူ့တန်ဖိုးကို လျစ်လျူရှုတတ်ရမယ်။

လျစ်လျူရှုတာက တစ်ခြားလူကို ခွင့်လွတ်ခြင်း တစ်မျိုး၊ ကိုယ့်အတွက် လွတ်မြောက်ခြင်းတစ်မျိုးဖြစ်တယ်။ လျစ်လျူရှုတာက ကိုယ့်ဖိအားကို ဖြည်လျော့စေတယ်။ လွယ်လွယ်ကူကူ ရှင်သန်စေတယ်။ ကိုယ်လုပ်ချင်တာကို စိတ်ဝင်တစား၊ အာရုံစိုက်လုပ်နိုင်စေတယ်။ အခက်အခဲကို လျစ်လျူရှုတာက ကိုယ့်ကို အင်အားတွေဖြည့်တာနဲ့ အတူတူဖြစ်တယ်။

လျစ်လျူရှုတယ်ဆိုတာ အားအင်တစ်ခုကို ကိုယ်မွေးဖွားလိုက်သလို ကိုယ့်ကိုယ်ဖိထားတဲ့ ဝန်တစ်ခုကို ခွါချလိုက်တာနဲ့တူတယ်။ ကိုယ်မရခဲ့တဲ့ မျှတမှုကို လျစ်လျူရှုတာက ကိုယ်အတွက် နောက်အခွင့်အရေး တစ်ခုကို ရယူလိုက်တာနဲ့တူတယ်။

နောက်တစ်ခုက မေ့လျော့တာဖြစ်တယ်။ ကိုယ်သည်းမခံနိုင်တဲ့ အရာကို မေ့လိုက်တာက ကိုယ့်အတွက် အလွယ်ကူဆုံး စိတ်ထွက်ပေါက်ဖြစ်တယ်။ အမှားနဲ့စခဲ့တာကို မေ့လိုက်တာက အမှန်နဲ့ ပြီးဆုံးဖို့အတွက်ဖြစ်တယ်။ တစ်ချိန်က မိုက်မိုက်ကန်းကန်း ရွေးခြယ်ခဲ့တာကို မေ့လိုက်တာက နောက်တစ်ချိန် ရှင်းရှင်းလင်းလင်းနဲ့ ပိုင်ဆိုင်ဖို့အတွက်ဖြစ်တယ်။

တကယ်တော့ လူ့ဘဝမှာ လျစ်လျူရှုတာနဲ့ မေ့လျော့တာက ရင်ထဲမှာဖြစ်နေတဲ့ အစိုင်အခဲ၊ စိတ်ဖိအားတွေကို ကုသပေးတဲ့ အကောင်းဆုံးနည်းဖြစ်တယ်။ စိတ်တည်ငြိမ်၊ ပေါ့ပါးလွယ်ကူစေတယ်။ လျစ်လျူရှုနဲ့ မေ့လျော့ဆိုတာ သူရဲဘောကြောင်တာ မဟုတ်ဘူး။ ပန်းတိုင်ကိုရောက်ဖို့ ရှေ့ဆက်လျှောက်မယ့်လမ်းအတွက် အားအင်တွေဖြစ်တယ်။

Tuesday, February 3, 2009

ကြက်ဆူသီးစားမိခြင်းကြောင့် မူလတန်းကျောင်းသား ၁၄ ဦး ဆေးရုံရောက်

မိကျလွန်းထော
သံဖြူဇရပ်မြို့ ကြံ့ခိုင်ရေးရပ်ကွက်နှင့် ဝါခရူရွာတို့ရှိ ကြာကန်မူလတန်းကျောင်းတွင် ကျောင်းတက်နေသော ကျောင်းသား ၁၄ ဦးတို့သည် နေ့လည် မုန့်စားဆင်းချိန်တွင် ကြက်ဆူသီးစားမိ၍ ညနေ ၃ နာရီမှ ၄ နာရီအတွင်း စတင်မူးလာပြီး သံဖြူဇရပ်ဆေးရုံသို့ ပို့လိုက်ရသည်။

လွန်ခဲ့သော ဇန်နဝါရီလ ၁၄ ရက်တွင် ကျောင်းသား ၁၄ ဦးသည် သံဖြူဇရပ်မြို့ ကြာကန်ရပ်ကွက်မှ ၁၁ ဦး၊ ဝါခရူကျေးရွာ တောင်ပေါက်ရပ်ကွက်မှ ၃ ဦးဖြစ်ပြီး တတိယတန်းကျောင်းသား ၁၂ ဦး၊ စတုတ္ထတန်း ၁ ဦးနှင့် ဒုတိယတန်း ၁ ဦးတို့ ဖြစ်သည်ဟု ကိုယ်တိုင်မြင်တွေ့ခဲ့ရသည့် ၄င်းဆေးရုံးတက်နေသူတစ်ဦးက ပြောသည်။

“ကျွန်တော်တွေ့တဲ့အချိန်မှာ ခလေးတွေကမူးနေပြီး၊ ဆရာမတွေ မြန်မြန်ဆန်ဆန်နဲ့ ဆေးတိုက်၊ ဆေးထိုး လုပ် ပေးတော့ မကြာပါဘူး ခလေးတွေ ပြန်ကောင်းသွားပါတယ်” ဟု ၄င်းက ဆက်ပြောသည်။

၎င်းမျက်မြင်၏အဆိုအရ ဆေးရုံတက်သည့်ခလေးတစ်ယောက်ပြောပြသည်မှာ “ကျွန်တော်တစ်လုံးစားမိတယ်၊ စားကောင်းတယ်၊ စိမ့်ပြီးတော့ မြေပဲနဲ့တူနေတယ်” ဟုဆိုသည်။

ကြက်ဆူသီးစားမိ၍ ကလေးများမူးသွားခြင်းကြောင့် ရွာသူရွာသားများက မကျေမနပ်ဖြစ်နေကြပြီး ရွာအတွင်း၌ ပြောဆိုနေကြသည်။

“ဒီအပင်တွေစိုက်ခိုင်းထားပြီးတော့ စားလို့ရသလား မရဘူးလား ဘာမှလည်းအသိပညာတွေ မပေးထားကြဘူး” ဟု ရွာသားတစ်ဦးက ဆိုသည်။

ကျောင်းသားများဆေးရုံမှ ဆင်းပြီးနောက်ပိုင်း သံဖြူဇရပ်မြို့မှ ရဲများက မူလတန်းကျောင်းသို့ လာရောက်မေး မြန်းသော်လည်း ကျောင်းသားများကောင်းမွန်စွာ ရှိနေသည်ကိုတွေ့သဖြင့် ဘာမှမပြောဘဲ ပြန်သွားကြသည်။

အစိုးရအဖွဲ့များ မှတ်ပုံတင်လုပ်ပေးနေသောအချိန်တွင် မှတ်ပုံတင် လာရောက်လုပ်သူများအားလုံးအား ကြက်ဆူသီးအစေ့များကို တစ်ယောက်လျှင်တစ်ထုတ်စီရောင်းပေးပြီး အိမ်ပတ်ဝန်းကျင်၌ စိုက်ပျိုးခိုင်းခဲ့သည်။ ၄င်းကြက်ဆူသီးအစေ့များကို ခလေးများက စားမိ၍ ဆေးရုံသို့ ရောက်သွားကြရသည်ဟု မော်လမြိုင်မြို့မှ ဆရာဝန်တစ်ဦးက ဆိုသည်။

“ကြက်ဆူသီးက အဆိပ်ဖြစ်စေတဲ့ အသီးတစ်မျိုးပဲ၊ စားလို့ကောင်းပြီးတော့ အရသာက မြေပဲနဲ့တူနေတယ်၊ တကယ်လို့ ၁၀ စေ့လောက်စားမိရင် မကြာဘူး ဗိုက်အောက်လာမယ်၊ အန်လာမယ်၊ ပြီးတော့ ဝမ်းမကြာခဏ သွားမယ်၊ အဲဒီလိုစဖြစ်ပြီးဆိုရင် ဆရာဝန်တို့က ဓါတ်စားဖျော်ရည်ကို အရင်တိုက်ပေးရပါမယ်။ တကယ်လို့ စားမိတာများရင် သေတဲ့အထိဖြစ်နိုင်တယ်၊ ကလေးတွေပဲစားမိတာမဟုတ်ပါဘူး လူကြီးတွေလည်း ကြက်ဆူးသီးစားမိပြီးတော့ ဆေးရုံရောက်သွားတာလည်း ရှိပါတယ်” ဟု ၄င်းဆရာဝန် ဆက်ပြောသည်။

ကြက်ဆူသီးနှင့်ပတ်သက်၍ အန္တရာယ်ဖြစ်လာနိုင်သည်ကို အစိုးရမှ ပြည်သူပြည်သားများထံသို့ အသိပညာများ ပေထားခြင်း မရှိခဲ့ပေ။ အကယ်၍ ပြည်သူပြည်သားများ ကြက်ဆူသီးစားမိ၍ ဆေးရုံရောက်သွားသည့်သတင်း မပေါက်ကြားအောင် ၄င်းတို့က ပိတ်ပင်ထားကြသည်။ ၄င်းအသီးမှတဆင့် ဓါတ်ဆီအဖြစ်သို့ ထုတ်လုပ်မည်ဟု အစိုးရက ကြေငြာထားသော်လည်း ဆီထွက်လာသည်ကို မမြင်ဘူးကြပေ။ ဒါ့ကြောင့် ကြက်ဆူသီးစားမိလျှင် အန္တရာယ်ဖြစ်လာနိုင်သည်သာမက သေဆုံးသည်အထိ ဖြစ်နိုင်သည်ဟု ၄င်းဆရာဝန်က ပြောသည်။

လွန်ခဲ့သော ၂၀၀၇ ခုနှစ် ဇန်နဝါရီလ၌ မွန်ပြည်နယ်၊ လမိုင်းမြို့နယ်ခွဲတွင် ကျောင်းသား ၇ ဦး အသက် (၁၀ နှစ်နှင့် ၁၁ နှစ်အကြား) တို့ ကြက်ဆူသီးစားမိ၍ လမိုင်းဆေးရုံသို့ ရောက်ရှိသွားခဲ့ပြီး ပြန်လည်ကောင်းမွန်လာ ခဲ့သည်။ ထို့ပြင် လမိုင်းမြို့နယ် မော့ကနင်ရွာသစ်တွင်လည်း နွေရာသီ ကျောင်းပိတ်အချိန်တွင် အသက် (၅/၆) နှစ် ခလေးငယ် ၂ ဦးတို့ ကြက်ဆူသီးစားမိ၍ တစ်ဦးကသေဆုံးသွားပြီး တစ်ဦးကျန်ရှိနေသည်ဟု လမိုင်းမြို့သား တစ်ဦးက ဆိုသည်။

အမျိုးသမီးနှင့်ခလေးအခွင့်အရေး အစီအစဉ်မှ ရေးသားချက်အရ လွန်ခဲ့သော ဒီဇင်ဘာ ၂၀၀၇ ၌ သံဖြူဇရပ်မြို့ ဟံသာဝတီရပ်ကွက်မှ ကလေးငယ် ၂ ဦး အသက် (၁၁ နှစ်နှင့် ၁၂ နှစ်) တို့ ကြက်ဆူပင်ကြား ကစားရာမှ ကြက်ဆူသီးခူးစားမိ၍ ကလေးတစ်ဦး သံဖြုဇရပ်ဆေးရုံ၌ သေဆုံးသွားခဲ့သည်။ သေဆုံးသွားရသည့်အကြောင်း နှင့် ပတ်သက်၍ ကလေး၏မိခင်က ၄င်းတို့ဆေးရုံးမသွားခင် ကလေးအန်ရာမှ ကြက်ဆူသီးအစေ့များတွေ့မိ၍ ၄င်းအသီးစားထားမှန်း သိရပါသည်။ ၄င်းအပင်ကို လွန်ခဲ့သော ၂၀၀၆ ခုနှစ်မှစတင်၍ အစိုးရက စီမံကိန်းတစ်ရပ် အနေဖြင့် စတင်ခဲ့ပြီး ကားလမ်းတစ်လျှောက်နှင့် နေအိမ်ပတ်ဝန်းကျင်တွင် စိုက်ပျိုးခိုင်းသည်။

ကချင်သတင်းဌာန၏ ရေးသားချက်အရ လွန်ခဲ့သော စက်တင်ဘာ ၂၀၀၈ ခုနှစ်တွင် ကချင်ပြည်နယ်၊ မြစ်ကြီး နားမြို့၌ ကြက်ဆူအပင်မှလာသော ပိုးများကိုက်ခြင်းကြောင့် လူ ၁၀ ဦး သေဆုံးသွားခဲ့သည်။ လူ ၂ ဦး သေဆုံးသွားပုံမှာ မုဆိုးမတစ်ဦးနှင့် ကလေးငယ်တစ်ဦးတို့သည် ကြက်ဆူအရိပ်ကိုခို၍ မုန့်ရောင်းနေစဉ် ၄င်းအပင်မှ လာသော ပိုးကောင်းများကိုက်မိရာမှ ၃ မိနစ်အကြာတွင် သေဆုံးသွားခဲ့သည်။ အကယ်၍ ကြက်ဆူပိုးကိုက် မိ၍ သေဆုံးသွားသည်ဟု ပြည်သူများထံမှ သတင်းထွက်လာပါက ကချင်ပြည်နယ်မှ ဗိုလ်ချုပ် စိုးဝင်း က အရေးယူလိမ့်မည်ဟု ကြေငြာထားသည်။

သာသနာရေးဝန်ကြီးဌာနမှ ဝင်းစိန်တောရဆရာတော်အား ဓမ္မစေတီခေါင်းလောင်း တည်ရှိရာနေရာလာရောက်မေး

မန်မာစစ်အစိုးရ သာသနာရေးဝန်ကြီးမှ အဆင့်မြင့်အရာရှိများက ဓမ္မစေတီခေါင်းလောင်း တည်ရှိရာနေရာကို သိရှိလိုသည့်အတွက် မော်လမြိုင်မြို့ပေါ်က စီးပွားရေးသမားတစ်ဦးကို စေလွှတ်ပြီး ဝင်းစိန်တောရမွန်ဆရာတော်ကို သွားရောက်မေးမြန်းခိုင်းသည်။

အကယ်၍ သူတို့သိချင်သည့် ခေါင်းလောင်းတည်ရှိမည့်နေရာကို မွန်ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကေသရက ပြောပြပေးနိုင်လျှင် လက်ရှိဆရာတော် တည်ထား ကိုးကွယ်နေသည့် ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူဘုရားကြီးကို အပြီးသတ် ဆောက်လုပ်ပေးသွားမည်ဟု သာသနာရေးဝန်ကြီးဌာနက ဆိုသည်။

သို့သော်လည်း ဆရာတော်ဘုရားအနေဖြင့် ၄င်းတို့သိချင်သော အကြောင်းအရာနှင့် ပတ် သက်ပြီး တစ်စုံတစ်ရာ ပြောခြင်းမရှိခဲ့ပါ။ လျောင်းတော်မူဘုရားကြီးကိုလည်း ဆရာတော် ရဲ့အစွမ်းအစဖြင့် တည်ဆောက်သွားမည်ဖြစ်သည်။

မွန်နိုင်ငံရေးခေါင်းဆောင်တစ်ဦး၏အဆိုအရ ယခုကဲ့သို့ သာသနာရေးဝန်ကြီးမှ ၄င်းဓမ္မ စေတီခေါင်းလောင်းအကြောင်းမေးမြန်းရခြင်းမှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်ချုပ် သူရစစ်မောင်နှင့် အခြားနိုင်ငံရေးခေါင်းဆောင်များ ရဟတ်ယာဉ်အက်စီးဒန်းဖြစ်ပွား ပြီးနောက် ဗိုလ်ချုပ်သူရစစ်မောင်၏ ရုပ်အလောင်းကို ရှာဖွေမတွေ့သည့်နောက်ပိုင်းတွင် ဝင်းစိန်တောရဆရာတော်မှ ၄င်းရုပ်အလောင်းတည်နေရာကို လမ်းညွန်းခဲ့သည်။

“အစိုးရတာဝန်ရှိသူတွေကနေ ကျောက်တလုံးဆရာတော်ကို ဓမ္မစေတီခေါင်းလောင်း အ ကြောင်း လာမေးတာဟာ မွန်အမျိုးသားနေ့အတွက် ပို့(စ်)တာ (ဆိုင်းဘုတ်) နဲ့ ဆက်စပ် နေလားတော့ မပြောတတ်ဘူး၊ ဒါပေမယ့် ကျနော်တို့အနေနဲ့ ပို့(စ်)တာအတွက် ဓမ္မစေတီ ခေါင်းလောင်းကိုပဲ ထည့်မယ်ဆိုတာ အားလုံးက သိနေပြီးသားပဲ။ တချို့နေရာမှာဆိုရင် ဆိုင်းဘုတ်တောင်တင်ထားပြီးပြီ” ဟု ၄င်းမွန်နိုင်ငံရေးသမားတစ်ဦးက ပြောပြသည်။

(၆၂) ကြိမ်မြောက် မွန်အမျိုးသားနေ့အတွက် ပို့(စ်)တာ (ဆိုင်းဘုတ်) ကို ဓမ္မစေတီခေါင်း လောင်းဖြင့် ပုံဖော်ထားသည်။ ဓမ္မစေတီခေါင်းလောင်းရုပ်ပုံဖြင့် လက်ကမ်းစာစောင်နှင့် အင်္ကျီများထုတ်ရန်လည်း စီစဉ်ထားသည်။

ဝင်းစိန်တောရဆရာတော်နှင့် နီးစပ်သူတစ်ဦး၏ ပြောပြချက်အရ “ဆရာတော်ဘုရားကို လာရောက်မေးတာ ခဏခဏတွေ့ရတယ်၊ ဒါပေမယ့် တာဝန်ရှိသူတွေက သူတို့ကိုယ်တိုင် လာတာတော့ မဟုတ်ဘူး။ သူတို့က သူတို့လူတွေဖြစ်တဲ့ ဒီမော်လမြိုင်မြို့က စီိးပွားရေး သမား ဦးကျော်ဝင်းကို စေလွှတ်တယ်။ ဒါပေမယ့် လာမေးဖို့ခိုင်းတဲ့သူကိုတော့ မသိဘူး၊ သေချာတာတစ်ခုကတော့ အစိုးရဌာနက တာဝန်ရှိသူတစ်ဦးဖြစ်တာတော့ သေချာတယ်’’ ဟု ပြောသည်။

ဓမ္မစေတီခေါင်းလောင်းသည် ရွှေတိဂုံစေတီသို့ လှူဒါန်းသည့်ခေါင်းလောင်းကြီးများအနက် ပထမဆုံးခေါင်းလောင်းဖြစ်ပြီး စောက် ၁၂ တောင်၊ ကြေးပိဿာချိန် တစ်သိန်းရှစ်သောင်း တန်ချိန်အရဆိုလျှင် (၂၉၀) တန်ရှိသည်ဟု နိုင်ခင်မောင်လေးရေးသားသည့် တိမ်မြုပ်ပျောက်ကွယ်နေသည့် မွန်တို့၏မြို့ပြနိုင်ငံများတွင် ဖော်ပြထားသည်။ ခေါင်းလောင်းမှာ ၁၅ ရာစုက သွန်းလုပ်ခဲ့သော ခေါင်းလောင်းဖြစ်ပြီး မွန်ဘာသာအားဖြင့် ‘အပိန္နသော်’ ဟု ဘွဲ့အမည်ပေးထားသည်။

ခရစ်သက္ကရာဇ် ၁၆၀၈ တွင် ပေါ်တူဂီလူမျိုး ဖိလစ်ဒိုဘရစ်တိုက ဓမ္မစေတီခေါင်းလောင်းကို အမြှောက်သွန်းလုပ်ရန် ဖောင်ဖြင့် သန်လျင်သို့ သယ်ဆောင်စဉ် ဒေါပုံမြစ်အကူးတွင် ဖောင် နစ်ပြီး ခေါင်းလောင်းကြီး ရေထဲနစ်မြုပ်သွားသည်မှာ ယနေ့ထက်တိုင်ဖြစ်ပါသည်ဟု နိုင်ခင်မောင်လေးရေးသားသော တိမ်မြုပ်ပျောက်ကွယ်နေသည့် မွန်တို့၏မြို့ပြနိုင်ငံများစာအုပ်တွင် ဖော်ပြထားသည်။

မွန်ပြည်သစ်ပါတီနှင့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ ရပ်တည်ချက်များတူညီ

Mon 26 Jan 2009, IMNA, Kaowao


၂၀၀၉ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့ မှ ၁၇ ရက်နေ့အထိ မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်တွင် ကျင်းပခဲ့သော သတ္တမအကြိမ်မြောက် ပါတီဗဟိုညီလာခံ၏ ဆုံးဖြတ်ချက်မှာ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ် ပုံအခြေခံဥပဒေကို လက်မခံပယ်ချ၍ မြန်မာစစ်အစိုးရကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲကိုလည်း မွန်ပြည်သစ်ပါတီနေအဖြင့် တရားဝင်ပါတီအဖြစ် ရပ်တည်ပြီး ရွေးကောက်ပွဲ ဝင်မည်မဟုတ်ကြောင်း မွန်ပြည်သစ်ပါတီက ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်သည်။

မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ (မွန်ဒီမို) MNDF ဒုဥက္ကဌ နိုင်ငွေသိမ်း အဆိုအရ “မွန်ပြည်သစ်ပါတီနဲ့ ကျနော်တို့ပါတီက လက်ရှိမှာရပ်တည်ချက်တူညီနေကြတယ်” ဟုပြောသည်။

မွန်ဒီမိုအနေဖြင့် ရွေးကောက်ပွဲကော်မရှင်မှ နည်းဥပဒေများ မထုတ်ပြန်သေးသဖြင့် မိမိတို့ပါတီပြန် လည်မှတ်ပုံတင်၍ ရွေးကောက်ပွဲဝင်ရေး၊ မဝင်ရေးကို တရားဝင်မထုတ်ပြန်သေးကြောင်း၊ သို့သော် မိမိတို့တိုင်းရင်သားပါတီများ ဆုံးဖြတ်ထားသည့်အတိုင်း ယခုစစ်အစိုးရ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ် ချုပ်ပုံ အတိုင်းဆိုလျှင် မိမိတို့ပါတီသည်လည်း ဝင်ရောက်မည်မဟုတ်ကြောင်း၊ အကယ်၍ သုံးပွင့် ဆိုင်ဆွေးနွေးမှုများ ပြုလုပ်ပြီး အများသဘောတူညီလက်ခံသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအ သစ်တစ်ရပ်ပြင်ဆင်ရေးဆွဲမည်ဆိုလျှင် မိမိတို့ပါတီသည်လည်း ရွေးကောက်ပွဲအသစ်တွင် ဆက် လက်ပါဝင်သွားမည်ဖြစ်ကြောင်း ပြောကြားသွားပါသည်။

မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ (လွတ်မြောက်နယ်မြေ) MNDF (LA) အထွေထွေအတွင်းရေးမှူး နိုင်ဥဿာကို မေးမြန်ရာတွင် “၂၀၁၀ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ မွန်ပြည်သစ်ပါတီရဲ့ သတ္တမအကြိမ်ညီလာခံ ဆုံးဖြတ်ချက်ကို ကျနော်တို့အထူးကြိုဆိုပါတယ်” ဟု ပြောသည်။

စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲဆိုသည်မှာ နဝတ စစ်အုပ်စု၏ ၁၉၉၃ ခု အမျိုးသားညီလာခံမှ အခြေခံခဲ့ကြောင်း၊ တိုင်းရင်သားကိုယ်စားလှယ်များ၊ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်များ အများ စုပါဝင်ခွင့်မရှိခဲ့သော အတုအယောင်ညီလာခံရလာဒ်မှ ပေါ်ထွက်ခဲ့ပြီး ပြည်သူ့ဆန္ဒကို လိမ်ညာခဲ့ သည့် ၂၀၀၈ ဖွဲ့စည်ုးအုပ်ချုပ်ပုံ အခြေခံဥပဒေ၏ နောက်ဆက်တွဲ ၂၀၁၀ ရွေးကောက်ပွဲကို မိမိတို့ပါ အနေဖြင့် လက်မခံနိုင်ကြောင်း၊ မွန်အမျိုးသား အကျိုးအတွက်ကြွေးကြော်ပြီး မွန်အမည်တပ် နိုင်ငံရေးပါတီအသစ်တစ်ရောက်ပေါ်ထွက်လာလျှင်လည်း ယခုဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေသည် မွန်လူထုတစ်ရပ်လုံးအတွက် အကျိုးဖြစ်ထွန်းမှုတစုံတရာမပါရှိသဖြင့် စစ်အစိုးရအလိုကျ နောက် လိုက်သော ကိုယ်ကျိုးရှာသမားများသာပါဝင်ကြမှာဖြစ်ကြောင်း၊ မွန်ပြည်သူများအနေဖြင့် ဒီမိုကရေစီ နည်းအရ မိမိတို့ဆန္ဒသဘောထားအတိုင်း ရပ်တည်သွားနိုင်သည်လည်းဟု နိုင်ဥဿာက ပြောဆို သွားပါသည်။

မွန်အမျိုးသားဒီမိုကရေးစီအဖွဲ့ကို ၁၉၈၈ ခုနှစ် အောက်တိုဘာလ (၁၁) ရက်နေ့၌ စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် အမတ် ၁၉ နေရာဝင်ရောက်ယဉ်ပြိုင်ခဲ့ရာ အမတ်နေရာ ၅ နေရာရရှိခဲ့ သည်။ ၁၉၉၂ ခုနှစ် မတ်လ၂၈ ရက်နေ့တွင် နဝတက တရားဝင်ပါတီအဖြစ်မှ ဖျက်သိမ်းခဲ့သည်။ ခေါင်းဆောင်များသည်လည်း ထောင်ဒဏ်နှစ်ရှည်ကျခံခဲ့ရသည်။ မွန်လွှတ်တော်အမတ် နိုင်သောင်းရှိန်တစ်ဦးတည်းသာ ပြည်ပနိုင်ငံသို့ ထွက်ပြေးလွတ်မြောက်ပြီး ပြည်ပရောက် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ဝင်ဟောင်းများကို ပြန်လည်စုစည်းကာ၂၀၀၈ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ထိုင်းနိုင်ငံ၌ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ (လွတ်မြောက်နယ်မြေ) ကိုဖွဲ့စည်းခဲ့သည်။ MNDF သည် ၁၉၉၀ ရွေးကောက်ပွဲတွင်ပါဝင်ခဲ့သည့် တိုင်ရင်းသားပါတီ ၁၃ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော စည်းလုံးညီညွှတ်သောတိုင်ရင်းသား လူမျိုးစုများမဟာမိတ်အဖွဲ့ UNA အဖွဲ့ဝင်လည်းဖြစ်သည်။

အထင်ကရ မွန်သံဃာတော်တစ်ပါးအား လျှောက်ထားမေးမြန်းရာတွင် ဆရာတော်မှ “မွန်ပြည် သစ်ပါတီနဲ့ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ လက်ရှိရပ်တည်ချက်ကို မွန်သံဃာအများစုက လက်ခံပါ တယ်၊ ဒါပေမယ့် မွန်အမျိုးသားကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အမတ် အစစ်အမှန်များ လိုအပ်နေပါတယ်၊ အဲဒါမှ မွန်စာပေယဉ်ကျေးမှုရေးရာနဲ့ပတ်သက်လို့ လွှတ်တော်မှာ တင်ပြ ခွင့်ရှိနိုင်မယ်”။

ယခင် နိုင်ငံတော်မဟာသံဃာ နာယကအဖွဲ့တွင် နှီးပဒေါဆရာတော်တစ်ပါး ပါဝင်ခဲ့သဖြင့် မွန်သံဃာတော်များ ပထမပြန်စားမေပွဲ ဖြေဆိုရာတွင် မွန်ဘာသာဖြင့် ဖြေဆိုခွင့်ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ကမာဝက်ဆရာတော် ဘဒ္ဒန္တပါလိတ၊ ဘဒ္ဒန္တအိန္ဒက၊ သံဖြုဇရပ်မြို့ စူကကျောင်းဆရာတော်၊ မြို့လယ်ကျောင်းဆရာတော်နှင့် မွန်သံဃာတော်အများစု အမြင်များမှာ ဤသို့ပင်ဖြစ်ကြောင်း မိန့်ကြားသွားပါသည်။

ပြည်တွင်းရှိမွန်ပြည်သူတစ်ဦးနှင့် ဆက်သွယ်မေးမြန်းခဲ့ရာတွင် စစ်အစိုးရ၏ ၂၀၁၀ ရွေးကောက်ပွဲမှ ထွက်ပေါ်လာသောအကျိုးဆက်များမှာ မွန်အမျိုးသားတို့အတွက် ရလာဒ်ကောင်းများ တစုံတစ် ရာပါရှိမည်မဟုတ်သောကြောင့် မွန်အမျိုးသားကိုယ်စားပြု လွှတ်တော်အမတ်လောင်းများ ပါဝင်ယှဉ်ပြိုင်ဖို့ မသင့်ကြောင်း၊ ဖြစ်ပေါ်လာမည့် လွှတ်တော်အသစ်တွင်လည်း မိမိအင်အား ရှိမည်မဟုတ်သောကြောင့် စစ်အစိုးရအလိုကျသာ လိုက်လံဆောင်ရွက်ရမည်ဖြစ်ပြီး မည်သို့မျှ အကျိုးရှိနိုင်မည်မဟုတ်ကြောင်းကို မိမိတို့ မွန်စာပေယဉ်ကျေးမှု အသိုင်းအဝိုင်းကြားတွင် ဆွေးနွေးသုံးသပ်နေကြကြောင်း စသဖြင့် ပြောဆိုသွားပါသည်။

ထိုင်းနိုင်စပ်ရှိ မွန်ပြည်သူတစ်ဦးက မွန်ပြည်သစ်ပါတီအနေဖြင့် ၁၃ နှစ်ကျော်ကြာ အပစ်ရပ်ခဲ့ရာတွင် မွန်အမျိုးသားတို့၏အကျိုးကို အကာအကွယ်မပြုနိုင်ခဲ့ကြောင်း၊ ပညာရေး၊ ကျန်မားရေးနှင့် ဒေသ ဖွံဖြိုးရေး ကိစ္စအနည်းငယ်မျှလောက်သာ ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေး မှုများလည်း မပြုလုပ်နိုင်ခဲ့ကြောင်း၊ မွန်ပြည်သစ်အနေဖြင့် ရွေးကောက်ပွဲဝင်လည်မထူး၊ မဝင်လည်း မထူး အပစ်ခတ်ရပ်စဲ ထားနိုင်ယုံမျှသာရှိသည်ဟု ထုတ်ဖော်ပြောကြားသွားပါသည်။

၁၉၄၈ တွင် မွန်ပြည်သူ့တပ်ဦး လက်နက်ကိုင် တိုက်ပွဲစတင်ခဲ့ရာ ၁၉၅၈ ၌ မြန်မာအစိုးရနှင့် ငြိမ်းချမ်း ရေးသဘောတူညီမှုပြုခဲ့ပြီး အကြွင်းမဲ့လက်နက်အပ်နှင်းကာ တရားဝင်ပါတီအဖြစ် ဥပဒေဘောင်အ တွင်း ရပ်တည်ဝင်ရောက်ခဲ့ပြီး ရွေးကောက်ပွဲဝင်ရောက်ခဲ့ရာ အမတ် (၅) နေရာရှိခဲ့ဘူးသည်။ ၁၉၆၂ ဗိုလ်ချုပ်နေဝင်းစစ်အာဏာသိမ်းပွဲတွင် ထိုထိပ်ပိုင်းခေါင်းဆောင်များ ဖမ်းဆီးခံခဲ့ကြရပြီး နှစ်ရှည် ထောင်ဒဏ်များ ကျခံခဲ့ရသည်။ မွန်ပြည်သူ့တပ်ဦး၏ လက်နက်နှင့်ဒီမိုကရေစီ လဲလှယ်သည့်မူကို လက်မခံနိုင်၍ ဗဟိုကော်မတီဝင် နိုင်ရွှေကျင်က ဥက္ကဌအဖြစ် ခေါင်းဆောင်ကာ မွန်ပြည်သစ်ပါတီကို ဖွဲ့စည်းခဲ့ပြီး လက်နက်ကိုင်တိုက်ပွဲလမ်းစဉ်ကို ယနေ့တိုင် အနှစ် ၅၀ ကျော်ကိုင်စွဲရပ်တည်ခဲ့သည်။ ၁၉၉၅ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့တွင် နဝတစစ်အစိုးရနှင့် အပစ်ရပ်ခဲ့သည်။

Sunday, January 11, 2009

နွားခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ

PDF Print E-mail
Sunday, 11 January 2009

ရေးသူ - အမည်မသိ

မနေ့က သတင်းစာ ဖတ်ဖြစ်လားလို့ တယောက်က စကားစတယ်။ ဘာလဲလို့ မေးတော့ ကျေးရွာတွေမှာ လျှပ်စစ်ထုတ်သုံးနိုင်ဖို့ လူတယောက်ရဲ့ တီထွင်မှုအကြောင်း
ဆောင်းပါး ရေးထားတာတဲ့။ ဆောင်းပါးရေးသူက ရွှန်းရွှန်းဝေအောင် ချီးမွမ်းထားတာပဲတဲ့။ အဲဒီ တီထွင်သူ ဓာတ်ပုံလည်း ပါတယ်လို့ ပြောတယ်။ ၂၀၀၀ ခုနှစ် ကတည်းက
စမ်းသပ်ခဲ့တာ အခု ၂၀၀၇ကုန်မှ အောင်မြင်တာတဲ့။ လျှပ်စစ် ဘယ်လိုထုတ်တာလဲလို့ မေးတော့ ဒိုင်နမိုမော်တာကို အလယ်မှာ ထောင်ထားပြီး ၀ါးလုံးတွေနဲ့ ပေ ၇၀လောက်ရှိတဲ့ လှည်းဘီးပုံကြီးလုပ်လို့ နွားတွေနဲ့ လှည့်ခိုင်းတာတဲ့။ နွား ၆ ကောင် ၆ နာရီ မနားတမ်းလှည့်ရင် မီးချောင်း အချောင်း ၂၀၀ လင်းတယ်တဲ့။ ၆နာရီလှည့်တာ ဘယ်နှစ်နာရီ လင်းသလဲလို့ ထပ်မေးတော့ ၆နာရီလင်းတာပေါ့လို့ ပြောပြတဲ့ လူက စိတ်မရှည်သလိုပြန်ဖြေတယ်။ပြီးတော့ သူက ပြောသေးတယ်။ အဲဒီ လျှပ်စစ်ထုတ်တဲ့
ဒိုင်နမိုကို ကွန်ပြူတာနဲ့လည်း ချိတ်ဆက်ပြီး ထိန်းချုပ်ထားတာဆိုပဲ။

မီးအား အသုံး၊ အတက်အကျတွေကို ကွန်ပြူတာနဲ့ ထိန်းထားတာတဲ့။ အဲဒီ ကွန်ပြူတာကို ဘယ်မီးနဲ့ ဖွင့်သလဲဆိုတော့ ပြန်မဖြေဘူး။ ဘုကြည့် ပြန်ကြည့်တယ်။
ကျနော်လည်း ဆက်မမေးတော့ဘဲ စဉ်းစားကြည့်မိတယ်။ ၆နာရီ မီးလင်းဖို့ နွား ၆ကောင်က ၆နာရီလမ်းလျှောက်ရမယ်။ နွားလဲတယ်ဆိုရင်တော့ အနည်းဆုံး ၃ဆိုင်း
လဲရမယ်။ ၆ ကောင်တွဲ ၃ဆိုင်းဆိုရင် ၁၈ကောင် လိုမယ်။ ပေ၇၀ လှည်းဘီးဆိုတော့ ပေရှစ်ဆယ် ပတ်လည်လောက် ကွင်းကျယ်ကျယ်တခု လိုမယ်။ မြေပြန့်လည်း ဖြစ်ရမယ်။
မီးကြိုးတွေ သွယ်ဖို့လည်း သိပ်မဝေးရဘူး။ အဲဒီ အလယ်ကောင်မှာ ဒိုင်နမိုကြီးချပြီး နွားတွေနဲ့ လှည့်တာ။ နွားတွေက တနေကုန် အိပ်နေတဲ့ ကောင်တွေ မဟုတ်ဘူး။ အလုပ်က လုပ်ထားရတာ။ လင်းမယ့် မီးက မီးချောင်း။ ပြီးတော့ မိုးရွာရင် အဲဒီ ပေ ၇၀ အကျယ်ကြီးကို အမိုး မိုးပေးရဦးမယ်။ လောင်စာကို ချွေတာတာတော့ ချွေတာတာပေါ့လေ။ ဒီ အရူးပရောဂျက်ကြီးကို စဉ်းစားတဲ့ လူက ၇နှစ် အကုန်ခံပြီး စဉ်းစားလုပ်တယ်။ ချီးမွမ်းတဲ့ လူက သတင်းစာကနေကို တိုင်းပြည် အခုချက်ချင်း တိုးတက်တော့မယ်လို့ ရေးပြီး
ချီးမွမ်းတယ်။ ကောင်းကြသေးရဲ့လား အရပ်ကတို့ရယ်။ တီထွင်တဲ့ လူကြီး နောက်ဘ၀ နွားမဖြစ်ပါစေနဲ့ လို့တော့ စိတ်ထဲကနေ ဆုတောင်းပေးလိုက်သေးရဲ့။ ။

မှတ်ချက် ။ ။ ကြက်ဆူပင်တွေတော့ လမ်းဘေး ၀ဲယာအနှံ့(တပြည်လုံး)မှာ စိုက်ပြီးပြီ။ ခုတော့ တပြည်လုံး နွားမွေးရမယ့် အခြေအနေ ရောက်လာပြီ။
အားလုံး မွေးပြီးတဲ့အခါ ကျနော်တို့တိုင်းပြည်ကြီးလည်း နွားတိုင်းပြည်ကြီးဖြစ်လို့ "နွားခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ" ဆိုရတော့မယ်။ စကားမစပ် နေပြည်တော် ၀န်းကျင်ကို မြန်မာပြည်မှာ အကြီးကျယ်ဆုံး နွားမွေးမြူရေး ဧရိယာအဖြစ် သတ်မှတ်ဖေါ်ဆောင်နေတယ် သတင်းကြားရတယ်။ ဒီသတင်းမှန်ရင်/ တကယ် အကောင်အထည်ပေါ်ရင် နေပြည်တော်က အရင် နွားနေပြည်တော် ဖြစ်မှာ …။

နယ်စပ်ဒေသစီးပွားရေးကျဆင်းမှုနှင့် ဒေသခံ ပြည်သူတို့၏ ကြပ်တည်းမှုများ

၂၀၀၈ ခုနှစ်အတွင်း ဘုရားသုံးဆူးဒေသ၏ ကူးသန်းရောင်းဝယ်ရေးနှင့် စီးပွားရေး အခြေအနေအရပ်ရပ်တို့ မှာ ပုံမှန်လည်ပတ်မှုမရှိဘဲ တစ်လထက်တစ်လ ကျဆင်းလာခဲ့ရာ လွန်ခဲ့သော စက်တင်ဘာလထက် ယခုလ အောက်တိုဘာလတွင် သုံးဆယ်ရာခိုင်နှုန်းခန့် လျှော့ကျသွားကြောင်း ဘုရားသုံးဆူမြို့ရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

လွန်ခဲ့သော ၂၀၀၆ ခုနှစ်မှစ၍ ဘုရားသုံးဆူမြို့၏ ထိုင်းမြန်မာ နယ်စပ်အား နအဖအစိုးရအဖွဲ့အစည်းမှ အကန့် အသတ်မရှိ ပိတ်ထားခြင်းမှအစပြု၍ ဘုရားသုံးဆူဒေသ၏ အထွေထွေစီးပွားရေးလုပ်ငန်းများ ကုန်စည်ကူးသန်း ရောင်းဝယ်မှုများ၏ အရှိန်အဟုန်မှာ ရပ်တန့်သွားခြင်းမရှိသော်လည်း အတိုင်းအဆမရှိ တဖြည်းဖြည်းနှင့် ကျဆင်းလာခဲ့ခြင်းကြောင့် ဘုရားသုံးဆူဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒေသခံပြည်သူတို့၏ စားဝတ်နေရေး ခက်ခဲ မှုများမှာလည်း ပိုမို၍ဆိုးရွားလာကြောင်းကိုလည်း ၄င်းစီးပွားရေးလုပ်ငန်းရှင်က ဆိုသည်။

ဘုရားသုံးဆူဒေသရှိ ဒေသခံပြည်သူအများစုမှာ တနိုင်တပိုင် စီးပွားရေးလုပ်ငန်းနှင့် ထိုင်းမှ လာရောက်အခြေချထားသော အထည်ချုပ်စက်ရုံများ ဖိနပ်ချုပ်စက်ရုံများကိုသာ အားကိုးအားထားပြုနေကြရပြီး စားဝတ်နေရေးပြဿနာများကို အခက်အခဲများစွာဖြင့် ရင်ဆိုင်နေရသလို စီးပွားရေးလုပ်ငန်းရှင်များဖြစ်ကြသည့် ငွေရောင်းဝယ်သည့် ငွေရှင်ကြေးရှင်များ၊ ကုန်သည်ပွဲစားများ လူမှောင်ခိုများအနေနှင့်လည်း ယခုနှစ်တွင် ၄င်းတို့၏လုပ်ငန်းများသည် ယခင်နှစ်များလောက် အဆင်ပြေချောမွေ့မှုမရှိကြောင်း အကျိုးအမြတ်မရှိကြောင်းကိုလည်း လုပ်ငန်းရှင်အများစုက ဆိုသည်။

ထိုင်းမြန်မာနယ်စပ်ဒေသဖြစ်သည့် ဘုရားသုံးဆူမြို့၏ငွေကြေးရောင်းဝယ်မှုများမှာ ၂၀၀၈ ခုနှစ် နှစ်ဦးပိုင်းမှစ၍ ထိုင်းငွေတစ်ဘတ်လျှင် မြန်မာကျပ်ငွေ သုံးဆယ်ခုနှစ်ကျပ်နှင့် လေးဆယ်ကျပ်ကြားတွင် အနယ်ထိုင်လာခဲ့ရာမှ ယခုလအောက်တိုဘာတွင် ထိုင်းတစ်ဘတ်လျှင် မြန်မာကျပ်ငွေဖြင့် ဈေးနှုန်းမြင့်ကာ ဝယ်ယူထားကြသည့် ငွေရောင်းဝယ်သူများ ဆိုင်ကယ်ရောင်းဝယ်သူများ ကုန်စည်ကူးသန်းရောင်းဝယ်သူများ အရှုံးနှင့် ရင်ဆိုင်နေရကြောင်း ငွေကြေးအရောင်းအဝယ်ပြုလုပ်သည့်လူများက ပြောသည်။

"မြန်မာငွေ ဈေးတက်နေတော့ ဟိုအရင်လကတည်းက မြန်မာငွေလဲပြီး ဘတ်ငွေကို အရင်းအနှီးမြုပ်ထားရတဲ့ ငွေဝယ်ရောင်းတွေ ဆိုင်ကယ်ဝယ်ရောင်းတွေ ရှုံးတာပေါ့။ ငွေဈေးက တစ်ဘတ်ကို သုံးကျပ်လောက်ကွာသွားတယ်။ ကျနော်ဆိုရင် အောက်ကိုငွေလွှဲဖို့ သုံးဆယ်ရှစ်ကျပ်နဲ့ လက်ခံထားတယ်။ ပြန်လွှဲတဲ့အချိန်မှာ ဘတ်ငွေက ဈေးကျသွားတယ်။ တစ်ဘတ်ကို သုံးဆယ်ငါးကျပ်ပဲ ဈေးပေါက်တယ်။ ငွေကကွာသွားတော့ ကျနော် မြန်မာငွေရှစ်သိန်းလောက်ရှုံးသွားတယ်" ဟု အမည်မဖေါ်လိုသည့် ငွေရောင်းဝယ်သူတစ်ဦးက ပြောသည်။

လွန်ခဲ့သည့်လများက မြန်မာပြည်တွင်းမှ တင်ပို့သော ဆန်၊ ငရုတ်၊ ကြက်သွန် စသည့်ကုန်ခြောက်များ လှောင်ထားသည့် ကုန်သည်များမှာလည်း မြန်မာငွေဈေးမြင့်တက်မှုကြောင့် ကုန်အရှုံးများ ပေါ်နေကြကြောင်း မိမိတို့ကုန်ပစ္စည်းများ ဝယ်ထားချိန်တွင် မြန်မာငွေ ဈေးကျချိန်ဖြစ်ပြီး ယခုကုန်ရောင်းပြီး၍ ကုန်ပြန်ဝယ်ရမည့် အချိန်တွင် မြန်မာငွေဈေးတက်နေခြင်းကြောင့် မြန်မာကျပ်ငွေ သိန်းရာနှင့်ချီ၍ အလုပ်လုပ်နေကြသည့် ကုန်သည်ကြီးအချို့မှာ ငွေဈေးမတည်ငြိမ်မှုကြောင့် ညည်းငြူနေကြကြောင်း ဆန်ရောင်းသူတစ်ဦးက ပြောသည်။

တည်ငြိမ်မှုမရှိသော မြန်မာငွေများကြောင့် စားသောက်ကုန်ပစ္စည်းများနှင့် လူအသုံးအဆောင်ပစ္စည်းများ၏ ဈေးနှုန်းများမှာလည်း တည်ငြိမ်မှုမရှိဘဲ အတက်အကျပြောင်းလဲလျှက်ရှိသည်။ ဖောင်းပွလျှက်ရှိသော မှောင်ခိုဈေးကွက်မှ မြန်မာငွေများကြောင့် ငွေဈေးကျဆင်းချိန်တွင် ကုန်ပစ္စည်းများ၏ ဈေးနှုန်းများမှာလည်း လျှော့ကျသွားပြီး ငွေဈေးတက်ချိန်တွင် ကုန်ပစ္စည်းများ၏ ဈေးနှုန်းများမှာလည်း လိုက်တက်သွားရခြင်းဖြစ်ကြောင်း ထိုသူက ထပ်မံ၍ ပြောဆိုသည်။

မတည်ငြိမ်သော ငွေဈေးကြောင့် ကုန်ဈေးနှုန်းများ တက်ကျခြင်း၏ကောင်းကျိုးဆိုးကျိုးများကို ခံစားရသူများမှာ နေ့စဉ်နှင့်အမျှ မဖြစ်မနေ ဝယ်ယူစားသုံးနေရသည့် ဒေသခံပြည်သူများသာဖြစ်ကြောင်း စက်ရုံအလုပ်ရုံများကိုသာ အားကိုးနေရသည့် အရင်းအနှီးမဲ့ ပြည်သူများအနေဖြင့် တစ်နေ့လျှင် ထိုင်းငွေ ဘတ် ၇၀ မျှသာရသော လုပ် အားခဖြင့် ကုန်ဈေးနှုန်းအတက်အကျကိုလိုက်၍ သုံးစွဲနေရကြောင်းကိုလည်း အထည်ချုက်စက်ရုံ အလုပ်သမ တစ်ဦးဖြစ်သူ မသီတာဦးက ပြောသည်။

နယ်စပ်ဒေသပိတ်ထားခဲ့သည့် ၂၀၀၆ ခုနှစ်မှ အစပြု၍ ဘုရားသုံးဆူဒေသ၏ အထွေထွေစီးပွားရေးလုပ်ငန်းများ ကို အခက်အခဲမျိုးစုံဖြင့် လုပ်ကိုင်နေကြရသောကြောင့် စီးပွားရေးလုပ်ငန်းအခြေအနေများ တဖြည်းဖြည်းနှင့် ယိုယွင်းလာခဲ့ရာ ပုံမှန်လည်ပတ်မှု မရှိတော့သည့် ပရိဘောဂနှင့် ယွန်းထည်လုပ်ငန်းတစ်ချို့ကိုလည်း ရပ်နားလိုက်ရကြောင်း ယွန်းထည်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ထိုကဲ့သို့ လုပ်ငန်းများ ရပ်နားလိုက်ရခြင်းကြောင့် ၄င်းလုပ်ငန်းများအပေါ် မှီခိုအားထားနေရသည့် အလုပ်သမားများ၏ မိသားစုစားဝတ်နေရေးများ ကျပ်တည်းလာခြင်းတို့ကြောင့် ကြုံရာလုပ်ငန်းများကို လုပ်ကိုင်နေကြရသည့် အလုပ်သမားများ၏ဝင်ငွေနှင့် မြင့်မားလာသည့်ကုန်ဈေးနှုန်း မျှတမှုမရှိခြင်းတို့ကြောင့် မိသားစုစားဝတ်နေရေး ခက်ခဲလာကြောင်း ပရိဘောဂလုပ်ငန်းကို လုပ်ကိုင်သူ ကိုစိုးမြင့်က ပြောသည်။

"ကျမတို့အိမ်မှာ မိသားစုက များတယ်။ အလုပ်လုပ်တဲ့လူက လေးယောက်ရှိတယ်။ ကျောင်းနေတဲ့ခလေးနဲ့ အိမ်မှာရှိတဲ့ခလေးနဲ့ မိသားစုအားလုံး (၉) ယောက်ရှိတယ်။ ပရိဘောဂအလုပ်မရှိတော့ ကြုံတဲ့အလုပ်ကို လုပ်ရတယ်။ ယွန်းထည် ကော်ပတ်တိုက်တယ်။ ဆေးသုတ်တယ်။ အလုပ်က ပုံမှန်မရှိတော့ ဝင်ငွေနဲ့ ထွက်ငွေ မမျှဘူး ဖြစ်နေတယ်။ သားငါး၊ ငရုတ်၊ ကြက်သွန်၊ ဆန်ဈေးအားလုံးက ဈေးကြီးနေတော့ တနေ့ကို ငွေနှစ်ရာလောက်နဲ့ မနည်းလောက်ငှအောင် စားနေရတယ်" ဟု ကိုစိုးမြင့်၏ဇနီးက ပြောသည်။

နယ်စပ်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ အလုပ်အကိုင်ကျပ်တည်းခြင်း စားဝတ်နေရေး ခက်ခဲခြင်းများ ရှိသော်လည်း ကုန်စည်ကူးသန်းရောင်းဝယ်မှု အသေးအဖွဲ့မှအစ တရားမဝင်ဖွင့်ထားသော ဂိတ်ပေါက်မှသာ ဝင် ထွက်သွားလာရခြင်းတိုကြောင့် ဝန်ဆောင်မှု အခွန်အကောက်များကို အစိုးရအာဏာပိုင်အဖွဲ့အစည်းများကသာ ရရှိခြင်းကြောင့် ဒေသခံပြည်သူများ ကြပ်တည်းနေချိန်တွင် ၄င်းအဖွဲ့အစည်းများကသာ ပြေလည်နေကြကြောင်း ကုန်သည်တစ်ဦးက ပြောဆိုသွားသည်။

အုပ်ချုပ်သူညံ့ဖျင်းမှုလား ကာလဒေသကြောင့်လား

မွန်ကရင်များ အုပ်ချုပ်မှုအောက်မှ စစ်အစိုးရ တိုက်ခိုက်သိမ်းယူခဲ့ပြီးသည့် ၁၉၉၀ ခုနှစ်မှ အစ ပြု၍ နယ်စပ်မြို့လေးအဖြစ် ထင်ရှားလာခဲ့သည့် ဘုရားသုံး ဆူမြို့တွင် အနယ်နယ်အရပ်ရပ်မှ စီးပွား ရေးလုပ်ငန်းရှင်များ ကုန်သည်ပွဲစားများ၊ လက်လုပ်လက်စား တိုင်းရင်းသားပြည်သူများ၊ စစ်အစိုးရ၏ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပေါင်းစုံများသာမက တိုင်းတစ်ပါးသားဖြစ်သည့် ထိုင်း နိုင်ငံမှ ထိုင်းလူမျိုး လုပ်ငန်းရှင်တစ်ချို့တို့ လာရောက်အခြေချကာ စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်လာခဲ့ကြသည်။

စစ်ဘေးဒါဏ်မှ လွတ်မြောက်ကာစ နယ်စပ်ဒေသဖြစ်သည့်နှင့်အညီ စီးပွားရေးနှင့် လမ်းပမ်း ဆက်သွယ် သွားလာရေး အဆင်ပြေချော့မွေ့မှု မရှိသေးသော်လည်း စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် အချက်အခြာကြသည့် ဒေသဖြစ်ခြင်းကြောင့်လည်း အခက်အခဲမျိုးစုံရှိ သည့်ကြားမှ တက်သစ်စ ဘုရားသုံးဆူမြို့လေးသည် တဖြည်းဖြည်းနှင့် လူသိများကာ ထင်ရှား လာခဲ့ပေသည်။

ပထဝီအနေအထားအရ တောတောင်ထူထပ်ပြီး သစ်တောပေါများလှသည့် ဒေသဖြစ်ခြင်း ကြောင့်လည်း ဒေသထွက်ကုန်ကြမ်းဖြစ်သည့် သစ်များကို အရင်းအနှီးပြုကာ သစ်လုပ်ငန်းများ ပရိ ဘောဂလုပ်ငန်းများကို တွင်ကျယ်စွာ လုပ်ကိုင်လာခဲ့ကြသည်။ အကျိုးအမြတ် ဖြစ်ထွန်း သည့် လုပ်ငန်းဖြစ်ခြင်းကြောင့်လည်း တစ်ယောက်အစတစ်ရာဆိုသလို သူ့ထက်ငါ ပရိဘောဂ လုပ်ငန်းများကို အပြိုင်အဆိုင် လုပ်ကိုင်လာခဲ့ကြရာ ၁၉၉၇ ခုနှစ် ကာလများတွင် ဘုရားသုံး ဆူမြို့၌ ပရိဘောဂအလုပ်ရုံပေါင်း (၃၀၀) သုံးရာကျော်ခန့် ဖြစ်ထွန်းခဲ့ပြီး ၄င်းအလုပ်ရုံများတွင် ခွန်အားကို အရင်းအနှီးပြုကာ မှီခိုလုပ်ကိုင်နေကြသည့် အလုပ်သမားပေါင်းမှာလည်း ထောင် နှင့်ချီ၍ ရှိနေခဲ့ကြပေသည်။

''ဟိုတုန်းက အလုပ်လုပ်စားရတာ တော်တော်လေးအဆင်ပြေတယ်၊ သစ်ကလည်းပေါ ပရိ ဘောဂအရောင်းအ ဝယ်ကလည်းကောင်းတော့ နေ့ရောညပါ လက်မလည်အောင်လုပ်ရတယ်၊ ငွေရေးကြေးရေးကလည်း အခက်အခဲမရှိဘူး အလုပ်ရှင်သူဋ္ဌေးတွေဆို ပိုပြီးစီးပွား ဖြစ်တာပေါ့ အဲဒီအချိန်တုန်းက စည်းကမ်းရှိတဲ့လူတွေဆိုရင် စုမိဆောင်းမိပြီး ကိုယ်ပိုင်အလုပ်ရုံတောင် ထောင်နိုင်ကြတယ် ရသလောက်သုံး ရသလောက် ဖြုန်းတဲ့လူတွေကတော့ အလုပ်သမား ဘ ဝကနေ မလွတ်တော့ဘူးပေါ့'' ဟု ယခင်က ပရိဘောဂလုပ်ငန်း လုပ်ခဲ့ဘူးသူ ကိုကျော်နိုင်က ပြောသည်။

လုပ်ငန်းလည်ပတ်မှု အရှိန်အဟုန် မြင့်မားပြီး လူနေမှုသိပ်သည်းကာ မြို့စည်ကားလာသည်နှင့် အမျှ ငွေကြေးသုံးစွဲမှု ဖောင်းပွလာသည်ကို အခွင့်ကောင်းယူတတ်သည့် စီးပွားရေးသမားတစ် ချို့က ပွင့်လင်းရာသီများတွင် ဇာတ်ပွဲများ ပြသကျင်းပခြင်း၊ ၄င်းပွဲလမ်းများကို အကြောင်းပြု ကာ လောင်းကစားဝိုင်းများ ဖွင့်ခြင်းသာမက မြို့တွင်းရှိ ရပ်ကွက်များတွင်လည်း လောင်းကစား ဒိုင်များ၊ ချဲထီဒိုင်များက မြို့အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့အစည်းများကို အခွန်အကောက်များ ပေးကာ စီးပွားရှာသကဲ့သို့ ထိုင်းလုပ်ငန်းရှင်တစ်ချို့ကလည်း ပန်းသီးပုံးဟုခေါ်သည့် (Game) ဂိမ်းပုံးများကိုလည်း အာဏာပိုင်အဖွဲ့အစည်းထံ အခွန်အကောက်ပေးပြီး စားသောက်ဆိုင် များ၊ လက်ဖက်ရည်ဆိုင်များ၊ အိမ်ဆိုင်များတွင် အမြတ်ငွေရာခိုင်နှုန်းပေးကာ မတရားစီးပွား ရှာလာခဲ့ကြပေသည်။

မြို့စည်ကားလာသည်နှင့်အမျှ လုပ်ငန်းများ တိုးတက်အဆင်ပြေမှုကြောင့် လက်ဖျားမှာ ငွေသီး နေကြသည့် လုပ်ငန်းရှင်များနှင့် အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများ၊ အပစ်အခတ်ရပ်စဲထားသည့် အဖွဲ့အစည်းများသာမက အခြေခံလူတန်းစား အလုပ်သမားများပါမကျန်၊ ပျော်ပွဲရွှင်ပွဲနှင့် လောင်းကစားဝိုင်းများတွင် ရသလောက်သုံး၊ ရသလောက်ဖြုန်းနှင့် အချိန်ကုန်လာခဲ့ရရာ (၂၀၀၀) ခုနှစ် နောက်ပိုင်းတွင် ဘုရားသုံးဆူပတ်ဝန်းကျင်ဒေသ၏ သစ်တောများ ပြုန်းတီး လာ ခဲ့ခြင်းကြောင့် ကုန်ကြမ်းများဖြစ် သည့်သစ်များ ရှားပါးလာခြင်း၊ ရှားပါးလာသည့်သစ်တော များကြောင့် သစ်ဈေးများတက်လာခြင်း၊ ပရိဘောဂပစ္စည်းများ အရောင်းအဝယ် ထိုင်းလာခြင်း တို့ကြောင့် မှန်းချက်နှင့်နှမ်းထွက် မကိုက်သည့် ပရိဘောဂအလုပ်ရုံအများ စုမှာ အရင်းအနှီး ပြုတ်ကာ လုပ်ငန်းများ ရပ်ဆိုင်းလိုက်ရသလို ၄င်းတို့ကို မှီခိုအားထားနေရသည့် အလုပ်သမား များမှာလည်း အလုပ်လက်မဲ့ဘဝများဖြင့် ရပ်တည်ခဲ့ရပေသည်။

မြို့၏ အခြေခံစီးပွားရေးများဖြစ်သည့် ပရိဘောဂလုပ်ငန်းများ ယိုယွင်းလာခဲ့သော်လည်း ငွေကို အလွယ်တကူ ရှာဖွေရရှိနိုင်သည့် လောင်းကစားဝိုင်းများ၊ ချဲထီများ၊ ပန်းသီးပုံးများနှင့် လူ မှောင်ခိုကုန်ကူးမှုများ၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုများမှာ တစ်စထက်တစ်စ တိုးပွားလာခဲ့ရာ လူတန်းစားပေါင်းစုံမှ ငွေများကို အများဆုံးသဲ့ယူနိုင်ခဲ့သည့် အတွင်ကျယ်ဆုံးသော လောင်းက စားမှုတစ်မျိုးမှာ (Game) ဟုခေါ်သည့် ပန်းသီးပုံးသာဖြစ်ကြောင်း ပန်းသီးပုံးမှာ ယောက်ျား၊ မိန်းခလေးလူကြီး စသည်ဖြင့် လူတန်းစားမရွေး ကစားနိုင်သည့် လောင်းကစားမှုတစ်မျိုးဖြစ် ကြောင်း၊ ယ္ခုအခါတွင် ဘုရားသုံးဆူမြို့၌ ထိုင်းလုပ်ငန်းရှင်များမှ လာရောက်အခြေချထားသည့် ပန်းသီးပုံးများ အရေအတွက်ပေါင်း (၃၅၀) သုံးရာငါးဆယ်ခန့်ရှိကြောင်း လေ့ လာသူတစ်ဦးက ဆိုပါသည်။

''ပန်းသီးပုံးကြောင့် ဘဝပျက်သွားခဲ့တဲ့ လူတွေအများကြီးဘဲ ပန်းသီးပုံးက ပိုက်ဆံထည့်တဲ့ အပေါက်က ကျဉ်းပေမဲ့ကားတစ်စီးလုံး ဆိုင်ကယ်တစ်စီးလုံး အိမ်တစ်လုံးလုံး ဝင်သွားတတ် တယ် ဘုရားသုံးဆူက လူတွေလုပ်ကြေးတာနဲ့ဘဲ ရှမ်းသူဋ္ဌေးက ကားတစ်စီးပြီးတစ်စီး မိန်းမ တစ်ယောက်ပြီးတယောက်ယူနေတာ အမြင်ဘဲ ပန်းသီးပုံးကရတဲ့ အမြတ်တွေဟာ တစ်နေ့ကို အနည်းဆုံး ဘတ်တစ် သိန်း (၁၀၀၀၀၀) နီးနီးလောက်ရှိတယ်'' ဟု ပန်းသီးပုံးကြောင့် အိမ်များ၊ ခြံများ ကုန်ကာ ဘဝပျက်သွားရသူတစ်ဦးက ပြောပါသည်။

ဘုရားသုံးဆူဒေသ၏ စီးပွားရေးအခြေအနေများ ကျဆင်းလာသည်နှင့်အမျှ မြို့တွင်းရှိ ရပ်ကွက် များတွင် ပြုလုပ်နေကြသည့် လောင်းကစားဝိုင်းများ၊ ချဲထီများ၊ ပန်းသီးပုံးများ လျော့ကျသွား ခြင်းမရှိဘဲ ပိုမို၍ များပြားလာခြင်းမှာ ကောင်းသောအလားလာမဟုတ်ကြောင်း ထိုကဲ့သို့ လောင်းကစားမှုများ ရှိနေသ၍ ဒေသတွင်း ခိုးမှုများ လုယက်မှုများ လိမ်လည်မှုများ ပပျောက် သွားမည်မဟုတ်ကြောင်း ထိုကဲ့သို့ ဖြစ်ရခြင်းမှာလည်း လောင်းကစားဒိုင်များမှ အခွန်အ ကောက်များကို မက်မောနေသည့် မြို့အုပ်ချုပ်သူ အာဏာပိုင်အဖွဲ့အစည်းများကြောင့်သာ ဖြစ်ကြောင်း ကျန်သည့် လောင်းကစားဝိုင်းများ ချဲထီဒိုင်များထံမှလည်း အခွန်အကောက်များ ရရှိနေကြောင်း တစ်လလျှင် အခွန်အကောက်ငွေ ဘတ်သိန်းနှင့်ချီ၍ ရရှိနေသဖြင့် မြို့အုပ်ချုပ် သူ အာဏာပိုင်များမှ မျက်စိကန်း နားထိုင်းနေကြကြောင်း အမည်မဖော်လိုသည့် ပုဂ္ဂိုလ်တစ်ဦး က ဆိုပါသည်။

(၂၀၀၀) ခုနှစ်နောက်ပိုင်း (၂၀၀၄ -၀၅) မှ အစပြု၍ ယိုယွင်းကျဆင်းလာသော ဘုရားသုံးဆူ ဒေသ၏ စီးပွားရေးအခြေအနေကို စီးပွားရေးလဒ်မြင်သော ထိုင်းလုပ်ငန်းရှင်များက အလုပ် လက်မဲ့ ဖြစ်နေကြသည့် ဒေသတွင်းရှိ တိုင်းရင်းသားပြည်သူတို့၏ ခွန်အားကို အရင်းအနှီးပြုပြီး ၄င်းတို့၏ စီးပွားအကျိုး အမြတ်ထုတ်ရန်အတွက် ဘိနပ်ချုပ်စက်ရုံ များ၊ အထည်ချုပ်စက်ရုံများ၊ ခြင်ထောင် ချုပ်စက်ရုံများနှင့် အခြားသော လူ့အသုံးအဆောင်ပစ္စည်း ထုတ်လုပ်သည့်အလုပ် ရုံများကို တည်ထောင်ကာ လုပ်အားခ တစ်နေ့ ဘတ်ငွေ (၇၀) ခုနှစ်ဆယ်မျှဖြင့် အလုပ်သ မားပေါင်း (၃၀၀၀) သုံးထောင် ခန့်ကို အလုပ်ပေးကာ ၄င်းတို့အတွက် အကျိုးစီးပွားကို နေ့စဉ် ရှာဖွေလျှက် ရှိကြပေသည်။

၁၈ နှစ်ကာလ ကြာမြင့်ခဲ့ပြီးဖြစ်သည့် ဘုရားသုံးဆူဒေသ နယ်စပ်မြို့လေးသည် စီးပွားရေး ကောင်းစဉ်ကာလမှ စီးပွားရေးကျဆင်းချိန်ထိ အဆက်ဆက်အုပ်ချုပ်လာခဲ့သော စစ်အစိုးရအ ဖွဲ့အစည်း အာဏာပိုင်များနှင့် ငွေရှင်ကြေးရှင်များ မသမာသည့် စီးပွားရေးသမား လောဘသား များ၏ အတ္တအကျိုးအတွက်သာ ဖြစ်စေခဲ့ပြီး ဒေသတွင်းနှင့် မြို့တွင်းရှိ လူနေမှုအဆင့်အတန်း များ လမ်းပမ်းဆက်သွယ်မှုများနှင့် ဒေသဖွံ့ဖြိုးမှုများမှာ တိုးတက်ပြောင်းလဲခြင်းမရှိဘဲ ဆုတ် ယုတ်လာခဲ့ခြင်း၏ လက္ခဏာကို ပြနေသည်မှာ ဒေသအုပ်ချုပ်သူ အာဏာပိုင်များနှင့် နိုင်ငံ အုပ်ချုပ်သူ အာဏာပိုင်များ၏ ညံ့ဖျင်းမှုကြောင့်လား (သို့) ''ကာလံဒေသံ'' ဟု ဆိုအပ်သည့် ကာလဒေသကြောင်းလား ဆိုသည်ကိုတော့ ဝေဖန်သုံးသပ်ရန် လိုအပ်ပါကြောင်း တင်ပြ လိုက်ရပေသည်။

အပစ်အခတ်ရပ်စဲရေးပုံစံအသစ်လော၊ အပစ်ရပ်အဖွဲ့အစည်းတို့၏ နိဂုံးလော

စစ်အစိုးရသည် နိုင်ငံတကာနှင့် ကုလသမ္မဂအဖွဲ့အစည်းတို့၏ မည်သည့်ဖိ အားပေးမှုကို ဂရုမစိုက်ပဲ ၄င်းတို့ချမှတ်ထားသည့် နိုင်ငံရေးလမ်းပြမြေပုံ (၇) ချက်အတိုင်း လာမည့် (၂၀၁၀) ခုနှစ်တွင် ရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်ပေသည်။ ရွေးကောက်ပွဲပြီးသည့်အခါ စစ်ခေါင်းဆောင်များအနေဖြင့် နိုင်ငံရေးအာဏာကို ဆက်လက်ထိန်းသိမ်းထားမည်သာ ဖြစ်လေသည်။

သို့ရာတွင် (၂၀၁၀) ခုနှစ် ရွေးကောက်ပွဲမတိုင်မီ နအဖစစ်အစိုးရအနေဖြင့် ဖြေရှင်းရန် ပြဿနာတရပ်ရှိသေးသည်။ ထိုပြဿနာကား တိုင်းရင်းသားအပစ် အခတ်ရပ်စဲရေးအဖွဲ့အစည်းများအား နေရာချထားရေးကိစ္စပင်ဖြစ်လေသည်။ စစ်အစိုးရအနေဖြင့်၊ တပ်မတော်မှတပါး အခြားသော လက်နက်ကိုင်အဖွဲ့အစည်း တို့အား မထားရှိလိုပေ။ တချိန်တည်းတွင်လည်း အပစ်အခတ်ရပ်စဲရေး တိုင်းရင်းသားများတောင်းဆိုသော အမျိုးသားအခွင့်အရေးတို့ကို မပေးအပ်လိုပေ။ တချိန်တည်းတွင် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် နိုင်ငံရေးပြဿနာကို တရားဝင် မဖြေရှင်းလိုပေ။

တိုင်းရင်းသား အပစ်အခတ်ရပ်စဲရေး အဖွဲ့အစည်းများအကြား ကြားရှိနေမည့်သတင်းတရပ်အရ စစ်အစိုးရအနေဖြင့် ''အပစ်အခတ်ရပ်စဲရေးပုံစံသစ်'' တရပ်ကို တီထွင်ကာ ထိုအပစ်အခတ်ရပ်စဲရေးအဖွဲ့များနှင့် အလေးအယူလုပ်သည့် အခြေအနေရှိပေသည်။ တိုင်းရင်းသားလက်နက်ကိုင် အင်အားအဖွဲ့အစည်း များအနေဖြင့် ၄င်းတို့၏ အခွင့်အရေးမရမချင်း လက်နက်ကိုစွန့်လွတ်မည်မဟုတ်ဟု အယူအဆကြောင့်၊ အပစ်အခတ်ရပ်စဲရေးအဖွဲ့အစည်းများအပေါ် ၄င်းတို့လက်နက်အား အပ်နှင်းရန် (သို့မဟုတ်) လက်နက်ချရန် တောင်းဆိုမည်မဟုတ်ပေ။

အပစ်အခတ်ရပ်စဲရေးပုံစံသစ်ကို စစ်အစိုးရမှ ရှမ်းပြည်မြောက်ပိုင်းတွင် အခြေစိုက်နေသည့်မိုင်းလားဒေသ အပစ်အခတ်ရပ်စဲရေးအဖွဲ့နှင့် စတင်အကောင်အထည် ဖော်နေပြီဖြစ်သည်။ စစ်အစိုးရ၏ ကိုယ်စားလှယ် ''ဗိုလ်ချုပ်ရဲမြင့်'' မှ မိုင်းလားဒေသ အပစ်အခတ်ရပ်စဲရေးအဖွဲ့အခေါင်းဆောင်များနှင့် တွေ့ဆုံကာ လာမည့်ရွေး ကောက်ပွဲတွင် ခေါင်းဆောင်များအနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် တိုက်တွန်းခဲ့ပေသည်။ ခေါင်းဆောင်များလည်း သဘောတူခဲ့သည်။ သို့ရာတွင် မိုင်းလားအပစ် အခတ်ရပ်စဲရေးအဖွဲ့၏ လက်နက်ကိုင်တပ်အား လက်နက်ချရန် စစ်အစိုးရမှ မတောင်းဆိုခဲ့ပေ။ ထိုလက်နက်ကိုင်တပ်အား ပြုပြင်ပြောင်းလဲရန်နှင့် နေရာချထားသည့်ကိစ္စအား ဆောင်ရွက်ရန် ဗိုလ်ချူပ်ရဲမြင့်မှ ပြောဆိုခဲ့ပေသည်။

အချို့သောတိုင်းရင်းသား အပစ်အခတ်ရပ်စဲရေးခေါင်းဆောင်များအနေဖြင့် စစ်အစိုးရမှ ချဉ်းကပ်လာသည့် ''အပစ်အခတ်ရပ်စဲရေးပုံစံအသစ်'' အား လက်ခံလိုသည့် သဘောရှိနေပေသည်။ ၄င်းတို့တွက်ဆသည့်ကား မိမိတို့လိုချင်သည့်နိုင်ငံရေး အခွင့်အရေးတချို့ကိုလည်း ရမည်။ မိမိတို့၏ လက်နက်ကိုင်တပ်ကိုလည်း ဖျက်သိမ်းရန် မလိုသည့်အတွက် စစ်အစိုးရမှ ကမ်းလှမ်းလာသည့် ထိုအပစ်အခတ် ရပ်စဲရေးပုံစံအသစ်အား သဘောကျကောင်းကျမည် ဖြစ်ပေသည်။

အချို့သောတိုင်းရင်းသား အပစ်အခတ်ရပ်စဲရေးခေါင်းဆောင်များသည် စစ်အစိုးရနှင့်အတူ ပူးပေါင်းပြီး စီးပွားရေး၊ လုပ်ကိုင်ခဲ့သည်မှာ နှစ်ပေါင်းအတန်ကြာပြီ ဖြစ်သည့်အတွက် လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဥပြိုင်ပြီး ၄င်းတို့၏ အကျိုးစီးပွားအား ကာကွယ်ရန်အခွင့်ကောင်းဟု ယူဆသူများလည်း ရှိနိုင်ပေသည်။ ထို့အပြင် စစ်အစိုးရ၏ လမ်းညွှန်မှုအောက်တွင် မိမိတို့၏ လက်နက်ကိုင်တပ်ကို ထားရှိကာ ခါးပိုက်ဆောင်တပ်အဖြစ် စစ်အစိုးရမှ လက်ခံလာနိုင်ရန် ကြိုးပမ်းမည် ဖြစ်သည်။

ဤနေရာတွင် မိမိတို့၏ အမျိုးသားအခွင့်အရေးအတွက် ရာစုနှစ်ပေါင်းများစွာ အသက်သွေးစတေးပြီး လက်နက်ကိုင်ဆင်နွဲလာသည့် အပစ်အခတ်ရပ်စဲရေး အဖွဲ့အစည်းများ မည်သို့သောအဆုံးအဖြတ်ကို ပေးမည်နည်း။ အပစ်အခတ်ရပ်စဲရေးပုံစံအသစ်ကို လက်ခံမည်လော။ လက်ခံမည်ဆိုပါက စစ်အစိုးရမှ အထိုက်အလျောက်ခွဲပေးသည့် နိုင်ငံရေးနှင့်စီးပွားရေး အခွင့်အရေးတချို့ကို ရရှိမည်ဖြစ်ပေမည်။ မိမိတို့၏ လက်နက်ကိုင်တပ်ဖွဲ့အား စစ်အစိုးရ၏ ပြပြင်ပြောင်းလဲဖွဲ့စည်းမှုကို လက်ခံရပေမည်။

ဤကား အပေးအယူပင်ဖြစ်ပေသည်။ ထိုအပစ်အခတ်ရပ် စဲရေးပုံစံအသစ်အား လက်မခံပါက ပြန်လည်ပစ်ခတ်ရပေမည်။ မည်သို့ပင်ဆိုစေ၊ အမျိုးသားလွှတ်မြောက်ရေးအတွက် သန္နိဌာန်ချ တိုက်ပွဲဝင်လာသည့် အပစ်အခတ်ရပ်စဲရေးအဖွဲ့အစည်းများအတွက် (၂၀၀၉)ခုနှစ်တွင်ဆုံးဖြတ်ချက်တခုကိုပေးအပ်ရမည်ဖြစ်ပေသည်။

Monday, January 5, 2009

ရေးမြို့နယ်တောင်ပိုင်း၌ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေ ဆိုးရွားနေဆဲ

မွန်ပြည်ပြန်လည်ထူထောင်ရေးပါတီ (MRP) မှ နိုင်ချမ်းဒိန်းအဖွဲ့၏ အဓိက လှုပ်ရှားရာဖြစ်သော ရေးမြို့နယ်တောင်ပိုင်းရှိ ကျေးရွာများ၌ ၄င်းအဖွဲ့နှင့် စစ်အစိုးရတပ်များ လူ့အခွင့်အရေး ချိုးဖောက်မှု ဆက်လက်ပြုလုပ်လျှက်ရှိသည်။

ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် တပ်မတော် နယ်လှည့်ဆက်ဆံရေးတပ်မှ ဖျော်ဖြေရေးဇာတ်ပွဲ မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်း ကိုးမိုင်ရွာ၌ ဝင်ရောက်ကပြရန်အတွက် ခလရ (၂၉၉) မှ အိမ်ခြေ ၃၅၀ ရှိ ကိုးမိုင်ရွာနှင့် အိမ်ခြေ ၂၅၀ ခန့်ရှိ မာန်အောင်ရွာများ၌ တစ်အိမ် ၅၀၀ ကျပ် ငွေကြေးကောက်ခံခဲ့ပြီး ကိုးမိုင်ရွာသားများက ဇာတ်စင်ကိုလည်း ဆောက်လုပ်ပေးရသည်ဟု ကိုးမိုင်ရွာသားများက ပြောသည်။

၎င်းပြင် ရေး-ထားဝယ်ကားလမ်းတစ်လျှောက်၌ ခလရ ၂၉၉ မှ လမ်းကင်းချရန်အတွက် လမ်းကင်းစခန်းများကိုလည်း ကိုးမိုင်ရွာသားများက ဆောက်လုပ်ပေးကြရပြီး ကင်းစ ခန်းဆောက်မည့်နေရာရှိ ခြံမြေများကိုလည်း အသိမ်းခံရသည်ဟု ရွာသားတစ်ဦးက ပြောသည်။

၎င်းရွာသား၏ပြောပြချက်အရ ၈ မိုင်၊ ၁၃ မိုင်၊ ၉ မိုင် သုံးနေရာတို့၌ ဒီဇင်ဘာလ ၁၉ ရက်နေ့မှစ၍ ယနေ့တိုင် သွားရောက်လုပ်ကိုင်နေကြရပြီး အလှည့်ကျတစ်နေ့လျှင် ရွာသား ၇၀ ခန့်စေခိုင်းခံကြရကြောင်း၊ ကင်းစခန်းတစ်နေရာလျှင် မြေ ၁ ဧကဝန်းကျင်ခန့် အသိမ်းခံရ သည်။

လွန်ခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ဒီကေဘီအေနှင့် နယ်မြေခံတပ်ရင်း ၂၉၉ တို့ပူးပေါင်းပြီး မာန်အောင်ချောင်းဖျားအနီးတွင် နိုင်ချမ်းဒိန်းအဖွဲ့အား ထိုးစစ်ဆင်ဝန်းရံ တိုက်ခိုက်ခြင်းကြောင့် နိုင်ချမ်းဒိန်အဖွဲ့မှ ၃ ဦးကျဆုံးပြီး အထမ်းသမားရွာသားတစ်ဦး သေဆုံးခဲ့သည်။

၎င်းကိစ္စနှင့်ပတ်သက်၍ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် မာန်အောင်ကျေးရွာဝန်းကျင်၌ သစ်ခုတ်လွှဆွဲနေကြသော အလုပ်သမားများက နယ်မြေခံတပ်ရင်းအား သတင်းပို့မှုကြောင့် ၄င်းတို့ဘက်မှ သေကြေဆုံးရှုံးမှုများရှိခဲ့သည်ဟု နိုင်ချမ်းဒိန်းအဖွဲ့မှ အကြောင်းပြပြီး နိုဝင်ဘာလ ၂၅ ရက်နေ့တွင် သစ်ခုတ်လွှဆွဲသမား ၁၉ ဦးကို ဓားဖြင့် ခုတ်ခဲ့သည်ဟု အစိုးရထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

၎င်းပဋိပက္ခကြောင့် ရွာသားများမှာ စစ်အင်အား နှစ်ဖက်အကြား၌ မြေစာပင်ကဲ့သို့ အလူးအလဲခံနေရကြောင်း၊ ရွာပြင်ထွက် ခြံသွားခွင့်ကိုလည်း မကြာခဏ ပိတ်ပင်ခံ နေရကြောင်း အခြားရွာသားတစ်ဦးက ပြောသည်။

''ကျနော်တို့က နှစ်ဖက်လုံးကို ကြောက်နေရတယ်၊ သူတို့ ခိုင်းသလို ခံနေရတယ်၊ ခြံမ ထွက်ရတာလည်း ကြာပြီ၊ ခြံထွက် လက်မှတ်လုပ် ပေးမယ်လို့ (ဒီဇင်ဘာလ ၁၉ ရက်နေ့မှ) ပြောထားတာလည်း ခုထိ လုပ်မပေးသေးဘူး'' ဟု ၄င်းက ပြောသည်။

၎င်းရွာရှိ ဥယျာဉ်ခြံရှင်များမှာ ကွမ်းသီးနှင့် ရာဘာစေးလုပ်ငန်းများဖြင့် အသက်မွေး ဝမ်းကျောင်းနေကြရပြီး ယခုကဲ့သို့ ခြံသွားခွင့် ပိတ်လိုက်ခြင်းကြောင့် ဝမ်းစာရေး အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်း ရွာသားများက ပြောသည်။

ထို့အတူ ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့တွင်လည်း မူကြိုကျောင်းဆောက်ရန်အတွက် ခေါဇာမြို့မှ လက်သမား ၂၀ ဦးအား နိုဝင်ဘာလ ၂၇ ရက်နေ့မှစ၍ မြို့နယ်ခွဲ အထွေထွေ အုပ်ချူပ်ရေးမှုးမှ ခေါ်ယူစေခိုင်းထားသည်ဟု ခေါဇာမြို့သားတစ်ဦးက ပြောသည်။

''ဒီနေ့ထိ လက်သမားတွေ လုပ်နေတုန်းပဲ၊ ဒါပေမယ့် တချို့ရက်တွေမှာ သူတို့မခေါ်ဘူး၊ နိုဝင်ဘာလကုန်ရက်နဲ့ ဒီဇင်ဘာလ ၁ ရက်နေ့မှာ ၂ ရက်နားရတယ်'' ဟု ၄င်းခေါဇာမြို့သားက ပြောသည်။

ကမာဝက်ကျေးရွာရှိ မြင်းလှည်းမောင်းသမားများ သုံးဘီးဆိုင်ကယ်ဝယ်ရန် ဖိအားပေးခံရ။

၂၀၀၈ ခုနှစ် ဒီဇင်ဘာလမှစပြီး ကမာဝက်ကျေးရွာရှိ မြင်းလှည်းမောင်းသမားများသည် မြင်း လှည်းများအစား သုံးဘီးဆိုင်ကယ်များကို အသုံးပြုရန် ဖိအားပေးခံရခြင်းကြောင့် စိတ်မကျေ မနပ် ဖြစ်နေကြရသည်။

ကမာဝက်ကျေးရွာတွင် မြင်းလှည်းအစီးရေ စုစုပေါင်း အစီး ၅၀ ရှိပြီး ၎င်းတို့မှာ ကမာဝက်ရွာအ ၀င်ဝနှင့် ကမာဝက်ကျေးရွာအတွင်းသို့ ပြေးဆွဲနေကြခြင်းဖြစ်သည်။ အချို့မှာ ဆယ်နှစ်ကျော်မျှ မြင်းလှည်းမောင်းခြင်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုခဲ့ကြပြီး အများစုမှာ မြင်းလှည်းခ ၂၅ ပြားခေတ်မှစပြီး ယခု ၃၀၀ ကျပ်ခေတ်ထိတိုင်အောင် မောင်းခဲ့သူများဖြစ်သည်။ ယခုအခါ လွီမာန်ထော ဆရာတော်နှင့် စည်ပင်အဖွဲ့တို့ တိုင်ပင်ကြပြီး ရွာသားများကို အစည်းအဝေးခေါ် ကာ မြင်းလှည်းအစား သုံးဘီးဆိုင်ကယ်များကို ပြောင်းလဲအသုံးပြုရန် စီစဉ်လိုက်ကြသည်။ သို့သော် ရွာသားများမှာ သဘောမတူကြချေ။

"ဘုန်းဘုန်းတို့က မြင်းလှည်းသမားတွေကို သုံးဘီးဆိုင်ကယ်နဲ့ အစားထိုးပြီးတော့ သုံးစေချင် တာက သူတို့တွေကို ဖိအားပေးဖို့ စီစဉ်တာမဟုတ်ပါဘူး၊ ခေတ်ရေစီးကြောင်းကို လိုက်ပြီး တော့ ပြောင်းလဲသွားစေချင်တာရယ်။ မြို့ရွာတွေကို ဖွံ့ဖြိုးတိုးတက်စေချင်တာရယ်။ ပြီးတော့ ကြုံဖိုက်ရွာအ၀င်လမ်း ကန်ကလေးဘုရားကနေပြီးတော့ ကမာဝက်ကျေးရွာ အ၀င်လမ်းအထိ ကို စည်ပင်ကနေပြီးတော့ ကားလမ်းဖောက်ဖို့ အစီအစဉ်ရှိတဲ့အတွက် မြင်းလှည်းသမားတွေ အတွက် မြင်းလှည်းသုံးတဲ့လူတွေ နည်းလာရင် မြင်းလှည်းသမားတွေအတွက် အကြပ်အ တည်းတွေ ဖြစ်လာမှာ စိုးလို့ပါ" ဟု လွီမာန်ထော ဆရာတော်က မိန့်သည်။

ထို့အပြင် သုံးဘီးဆိုင်ကယ်များကို မြင်းလှည်းသမား (၅၀) ဦးအတွက်သာ စီစဉ်ထားပြီး ယင်း အစီအစဉ်ကို ၂ နှစ်အတွင်း အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း၊ အကယ်၍ အချို့ မြင်းလှည်းသမားများက မယူလိုလျှင် အပြင်လူကို အစားထိုးပေးလိုက်ရမည် ဖြစ်ကြောင်းနှင့် ယခုအစီအစဉ်မှာ အစိုးရနှင့် ဘာမှမသက်ဆိုင်ဘဲ ရွာသားများ၏ အစီအစဉ်သာ ဖြစ်ကြောင်း ဆရာတော်က ဆက်ပြောသည်။

"မြင်းလှည်းသမားတိုင်း သုံးဘီးဆိုင်ကယ်ကို ၀ယ်ရမယ်။ တစ်စီးကို ၂၇ သိန်းပေးရတယ်၊ မယူ မနေရ စည်ပင်ရုံးမှာ စာရင်းသွင်းရမယ်၊ အခုဆိုရင် စာရင်းသွင်းထားတဲ့လူ ၂ ယောက်ပဲရှိသေး တယ်၊ အများစုကတော့ သဘောမတူကြဘူး မြင်းလှည်းသမားတွေ စိတ်ဒုက္ခရောက်နေကြ တယ်" ဟု ကမာဝက်ရွာသားတစ်ဦးက ပြောသည်။

ကမာဝက်ရွာတွင် မြင်းလှည်းအစီး ၅၀ ရှိသော်လည်း နေ့တိုင်းမြင်းလှည်းမောင်း မထွက်နိုင်ကြ ပေ၊ အဘယ်ကြောင့်ဆိုသော် အချို့မှာ မြင်းလှည်းအစား မော်တော်ဆိုင်ကယ် အငှားယာဉ် များနှင့် ထော်လာဂျီများကို အစားထိုးအသုံးပြုလာခြင်းကြောင့် အလှည့်ကျ တစ်နေ့လျှင် အစီး ၂၀ မျှသာ ထွက်နိုင်သည်။ သို့သော် မြင်းလှည်းစီးသူများမှာ ယခုအချိန်ထိရှိနေခြင်းကြောင့် မြင်းလှည်းခေတ် မကုန်သေးဘူး ဟု မြင်းလှည်းသမားတစ်ဦးက ပြောသည်။

"အရင်တုန်းကဆိုရင် မြင်းလှည်းမောင်းရတာ တွက်ခြေကိုက်တယ်၊ တစ်နေ့ကို ၅ ထောင်၊ ၆ ထောင် ကနေပြီးတော့ ၁ သောင်းအထိတောင်ရတယ်၊ အခုက လိုင်းဆွဲနေတဲ့ ဆိုင်ကယ်တွေနဲ့ ထော်လာဂျီတွေက နေရာယူလာလို့ တစ်နေ့ကို ၂ ထောင် ၃ ထောင်လောက်ပဲ ရတော့တယ်။ အဲဒီငွေတွေနဲ့ သုံးဘီးဆိုင်ကယ် ၂၇ သိန်းကို ဘယ်လိုလုပ်ပြီးတော့ ၀ယ်နိုင်မှာလဲ၊ ဒီဘ၀ တော့ဝယ်နိုင်မှာ မဟုတ်ဘူး၊ ဒါကတော့ မြင်းလှည်းသမားတွေကို သက်သက် အကြပ်ကိုင်တာ ပဲ" ဟု အခြားမြင်းလှည်းသမားတစ်ဦးက ပြောသည်။

မွန်လက်ယက်ကန်းသမများ အနာဂတ်အတွက်စိုးရိမ်နေကြရ

စီးပွားရေးအခြေအနေ မကျဆင်းမှီကပင် ယက်ကန်းယက်အထည် ဝတ်ဆင်မှု နည်းပါးခဲ့သည့်အပြင် ယခုအချိန် စီးပွားရေးကျဆင်းလာပြန်သဖြင့် အထည်ယက်သမားများ၏ အနာဂတ်စီးပွားရေးအတွက် စိုးရိမ်ဖွယ်ရာ ရှိသည်ဟု မုဒုံမြို့နယ်၊ ကျိုက်ရဲကျေးရွာမှ ယက်ကန်းသမတစ်ဦးက ပြောသည်။

"အရင်းအနှီးတွေ ထုတ်ထားတဲ့ ဆိုင်ရှင်တွေကတော့ ပြောနေကြတယ်၊ စီးပွားရေးတွေ ဒီအတိုင်း ဆက်ကျနေပြီး ရောင်းအားမကောင်းဘူး ဆိုရင်တော့ နောက်နှစ်ကျရင်တော့ ဒီအလုပ်ကို ပိတ်ပစ် လိုက်ရမှာပဲ" ဟု ကျိုက်ရဲရွာမှ ယက်ကန်းသမ မိနွန်က ပြောသည်။

ယခင်က မုဒုံမြို့နယ်တစ်လျှောက်ရှိ ကျေးရွာများတွင် ယက်ကန်းစင်များတွင် မိန်းမပျိုများ ယက်ကန်း ခတ်နေကြသည်ကို မြင်ခဲ့ကြရသော်လည်း ယခုအခါတွင်မူ အသက်အရွယ်ကြီးသူ မိန်းမကြီး အနည်း စုသာ ယက်ကန်းခတ်နေကြသည်ကို တွေ့မြင်ကြရသည်။

စက်ယက်ကန်းအထည် ထုတ်လုပ်မှုများလာခြင်းကြောင့် လက်ယက်ကန်းအထည်များမှာ ဈေးကွက် နည်းလာကြသည်။ ယက်ကန်းလုပ်ငန်းတွင် အရင်းအနှီးမြှပ်နှံထားသည့် စီးပွားရေးသမားများသည် စိုက်ထုတ်အရင်းနှင့် ပြန်လည်ရရှိသည့် အမြတ်ငွေမှာ တွက်ခြေမကိုက်သောကြောင့် ယက်ကန်းအ ထည်ထုတ်သည့် စီးပွားရေးလုပ်ငန်းမှာ ဒေသအသီးသီးတွင် နည်းပါးလာခဲ့သည်။

"ယက်ကန်းအလုပ်တွေ ပိတ်တော့မယ်ဆိုတာကြားရတော့ ရင်လေးမိတယ်၊ တကယ်ပိတ်လိုက်မယ်ဆို ရင် ယက်ကန်းသမတွေတော့ အလုပ်လက်မဲ့ဖြစ်ကုန်မယ်၊ အခက်အခဲတွေ အများကြီးတွေ့ရဦးမှာပဲ" ဟု ယင်းယက်ကန်းသမက ဆက်ပြောသည်။

အချို့သော လက်ယက်ကန်း လုပ်ငန်းရှင်များမှာ ယက်ကန်းထည်များ ဈေးကွက်မဝင်သော်လည်း အ ခက်အခဲ အမျိုးမျိုးများကြားမှ မွန်တို့၏ ရိုးရာယဉ်ကျေးမှု မပျောက်ပျက်စေရန်နှင့် မွန်တို့၏ ယဉ်ကျေး မှုတိုးတက်မြင့်မားစေရန် ရန်ရွယ်၍ သဘာဝပစ္စည်းများဖြစ်ကြသော သစ်ခေါက်၊ မှို၊ မယ်ဇလီရွက်၊ အုန်းခွံ၊ ကြက်သွန်နီအခွန်များဖြင့် သဘာဝဆေးရည်များ ထုတ်လုပ်ပြီး သဘာဝချည်ထည်များဖြင့် ယက်လုပ်ရန် ကြိုးစားနေကြသည်။

ယက်ကန်းသမများသည် မွန်လုံချည်တစ်ထည်လျှင် ယက်ခ ၉၀၀ ကျပ် ရရှိပြီး မွန်ထဘီတစ်ထည်လျှင် ၁၇၀၀ ကျပ် ရရှိနေသည်။ မွန်လုံချည်တစ်ထည်လျှင် ယက်လုပ်ချိန် နေ့တစ်ဝက်ခန့်ကြာပြီး မွန်ထဘီတစ်ထည်လျှင် တစ်နေ့ကျော်ကျော်ခန့် အချိန်ကုန်ခံရမည်ဟု ယက်ကန်းခတ်သူများက ပြောသည်။

"အလုပ်မရှိလို့သာ ယက်ကန်းခတ်နေကြရတာ၊ ဒီအလုပ်က စပါးရိတ်တဲ့ နေ့စားအလုပ်တွေထက် တောင် ဝင်ငွေနည်းတယ်" ဟု အသက် ၃၅ နှစ်ခန့်ရှိသော ကျိုက်ရွဲရွာသူတစ်ဦးက ပြောသည်။

လက်ယက်ကန်းလုပ်ငန်းသည် ရှေးဟောင်းမွန်ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းရန်လည်းကောင်း၊ မွန်ယက်ကန်း အလုပ်သမများ၏ အလုပ်အကိုင်များ ဆက်လက်ရပ်တည်နိုင်ရန်အတွက် ရည်ရွယ်၍ "မွန်လူမျိုးများ လက်ယက်ကန်း အထည်များကို ဝယ်ယူဝတ်ဆင်ကြပါ" ဟု လွန်ခဲ့သောလတွင် မွန်သံဃာပျိုအဖွဲ့အစည်းမှ နှိုးဆော်စာတစ်စောင် ထုတ်ဝေခဲ့သည်။